Singularity (17)

756 114 14
                                    

Unicode ver

လူခြေတိတ်လှသော လမ်းတစ်လျှောက် တဝေါဝေါ တိုက်ခတ်လျက်ရှိသော လေစိမ်းကအဖော်ပြုနေ၏

ဘယ်ညာဝေ့ကြည့်တိုင်း မရင်းနှီးသည့်မြင်ကွင်းက ငွေဂုဏ်လျှံသောစံအိမ်ထီးထီးကြီးများနှင့်သာ ပြည့်နှက်လျက်ရှိသည်မှာ သာမန်လူတန်းစားများအဖို့ ဖြတ်လျှောက်ဖို့တောင် ရှိန်တိန်တိန်။

မိနစ်ပိုင်းခြားမှ တစ်စီးသာသာ ဖြတ်သန်းပါသော ကားတို့သည်လည်း အကန့်အသတ်ထုတ်ဇိမ်ခံကားများနှင့် အဆမတန်စျေးကြီးသောပြိုင်ကားများပီပီ အင်ဂျင်သံသည် ဟိန်းထွက်လို့။

ဖြတ်တိုက်တော့မည့်ဟန် တရှိန်ထိုးစီးမောင်းလာသည့် ပြိုင်ကားနီကြောင့် ဂျင်းပြဲဘောင်းဘီအား စစ်စိမ်းရောင်ဟူဒီဖြင့် တွဲဝတ်ထားသော ကောင်လေး၏လက်ထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားပါသောရွှေဝါရောင်လိပ်စာကတ်လေးပင် လွင့်ထွက်သွားမတတ်။

ကောင်လေးသည် နှုတ်ခမ်းဝမှာတေ့ထားသော တုပ်ထိုးစုပ်လုံးအား ဖြူးဖြောင့်သော ကတ္တရာလမ်းထက် ထွီခနဲ ထွေးထုတ်ပစ်ရင်း တမင်သက်သက်လွတ်ရုံတမယ်မောင်းလာသော ပြိုင်ကားနီအား ကျိန်ဆဲမိလိုက်သည်

ငွေရှိတိုင်းထင်သိလိုကြဲနေသည့် အကောင်များအား အလွန်တရာမုန်းတီးလှသည်

ဆယ်လှမ်းလောက်ဆက်လျှောက်သွားလိုက်တော့ ဗျပ်ကျယ်လှသောအဖြူရောင်သံတံခါးနံဘေး 'ချွဲစံအိမ်တော်' ဟူ၍ ထိုးထွင်းထားသော အလူမီနီယံသံပြားအားတွေ့ရသည်

ခြံဝန်းထဲတစ်ချက်မျှော်ကိုးကြည့်သည့်အခါ ကျောက်စရစ်ခင်းထားသော ဝေးလံသည့် လျှောက်လမ်းတစ်လျှောက် ဧကကျယ်ကျယ် အလှစိုက်မြက်နုများဖြင့် စိမ်းစိုစိုအလှဆင်ထား၏

လျှောက်လမ်းရှည်ရှည် အဆုံးသတ်တွင်တော့ အဆမတန်ထုထည်ကြီးမားသော စံအိမ်တော်ကြီးကြီးက ဝင့်ထည်စွာခန့်ခန့်ညားညားတည်ရှိနေသည်မှာ လိုအပ်သည်ထက် ငွေပိုသုံးထားကြောင်း သိသာအောင်ကြေငြာနေသလို။

ခြံတံခါးဘေးရှိတံခါးဘဲလ်ဟုထင်ရသော ခလုတ်ငယ်အား ခပ်ဆက်ဆက်တစ်ချက်နှိပ်လိုက်တော့ မဆိုင်းမတွထွက်လာသည့် တုန့်ပြန်သံတစ်သံ။

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now