Singularity (22)

559 107 22
                                    

Unicode ver

Sep 29, 2021

"ဟွန်း"

သြရှရှဖြတ်စီးလာသည့်အသံသည် တိတ်ဆိတ်နေခဲ့သောညစာထမင်းစားဝိုင်းအားအသက်သွင်း၏

Steak တစ်လွှာလှီးဖြတ်နေရာမှ မျက်နှာချင်းဆိုင်ကအာဏာမျက်ဝန်းတို့ဆီ အကြည့်ကိုဆုံမှတ်စေလိုက်သည့်အခါ မလုံမလဲစိတ်တို့ကရင်ကိုတုန်စေလျက်

"ကျောင်းမှာအဆင်ပြေရဲ့လား?"

"ဟင် အဆင်ပြေပါတယ်
ဘာလို့မေးတာလဲ"

"ဘာလို့လဲတဲ့
ဒီတိုင်းပဲ ကိုယ့်ညီလေးအကြောင်းသိချင်လို့ပေါ့"

လက်တစ်ဖက်အားလှမ်း၍ ဆံနွယ်တို့ကိုထိုးဖွလာသည့်အခါ မီးမှိန်မှိန်အောက်ခပ်ရေးရေးပေါ်လာသည့် အပြုံးသေးသေး

"တစ်ခုခုဆို အကို့ကိုပြောမယ်မလား
အကိုလိမ်တာမကြိုက်ဘူးလို့ပြောထားတယ်နော်"

ချက်ချင်းပျောက်ကွယ်သွားသည့်အပြုံးရေးရေးအား ကွက်ခနဲပျက်သွားသည့်မျက်နှာအမူအရာနဲ့အစားထိုးခံလိုက်ရပါသည်

တစ်ဖက်သူသည်တော့ ပျက်ယွင်းသွားသည့်မျက်နှာအမူအရာကိုဖမ်းမိလိုက်ကာ အလိုမကျစွာမျက်ခုံးတန်းတို့ကိုတွန့်ချိုးပစ်လိုက်၏

"ဟျူးနင်းခါအီ ပျောက်သွားတဲ့ကိစ္စက ဟွန်းနဲ့ဆိုင်နေတာလား?"

ရှင်းပြတ်ပြတ်မေးလာသည့် မေးခွန်းမှာ အထိတ်တလန့်မျက်လုံးဝိုင်းတို့က မဝံ့မရဲမော်ကြည့်လာလျက်

"အ..အကိုက ဟျူးနင်းပျောက်သွားတဲ့ကိစ္စကိုဘယ်..ဘယ်လိုသိတာလဲ"

"အကိုပြောပြီးပြီလေ
ဟွန်းအကြောင်းအကုန်သိပါတယ်လို့"

နှုတ်ဆိတ်သွားသည့်နှုတ်ခမ်းပါးလေးက သူ့အပြစ်သူနားလည်သည့်အတိုင်း..

ယောန်ဂျွန်သည်လက်နှစ်ဖက်တွင်ကိုင်ထားသော ခက်ရင်းနှင့်ဓားအားပန်းကန်ထက် ပစ်ချပစ်လိုက်ရင်း သက်ပြင်းသာသာအားမှုတ်ထုတ်နေ၏

"အကို စိတ်မကောင်းဘူး
ဟွန်းက အကို့ကိုလိမ်တဲ့နေ့မျိုးရောက်လာလိမ့်မယ်ဆိုတာတွေးမထားခဲ့မိတာ"

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now