Singularity (5)

792 135 10
                                    

Unicode ver

"ခင်ဗျား ဘာလုပ်တာလဲ?"

ချွဲ​ယောန်ဂျွန်လက်ထဲရှိ လက်ကို အတင်းရုန်း​​နေ​သော်ငြား ချွဲ​ယောန်ဂျွန်သည်တော့ ရယ်​မောလျက်သာ လက်သွယ်သွယ်အား မလွတ်ထွက်သွား​အောင် တင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်

စိတ်တိုဖို့​ကောင်းလိုက်တာ
ကိုယ့်ထက် အနည်းငယ် ​သေးငယ်တဲ့လက်တစ်စုံက ဘယ်ကများ အား​တွေထွက်​နေသလဲ?

"ခင်ဗျား လွတ်​နော်"

"မလွတ်ရင်?"

"ကျွန်​တော် ကုန်းကိုက်မှာ"

ယောန်ဂျွန်သည် ခွက်ထိုးခွက်လန်ရယ်​မော​သည်

"တကယ်မကိုက်ဘူးထင်လို့လား?"

​ပြောရင်းဆိုရင်း ကုန်းကိုက်​တော့မည့်ဟန်ပြင်​နေသောသူကြောင့် ​ယောန်ဂျွန် မလွတ်ချင်လွတ်ချင်နှင့် လက်နုနုလေးအား မြန်မြန်အလွတ်ပေးလိုက်ရသည်

"ညီက တကယ်စိတ်ချည်းပဲ"

"အနီးနားမှာ တစ်ခုခုမရှိလို့​ပေါ့
ရှိရင် အဲ့လက်ကို ထိုးပစ်မှာ"

"​ကြောက်ပါတယ်ဗျာ"

​အ​ပြောနှင့် မျက်နှာဖြီးဖြီး ကိုက်ညီ​မ​နေသော ထိုသူကို ဆူဘင်း စူးရဲရဲ စိုက်ကြည့်ဖြစ်သည်

"အဲ့ဒီ​တော့ ကိုယ့်ကို ဘာ​​မေးချင်တာလဲ?"

စိတ်ဆိုးနေပြီဖြစ်ကြောင်း သိတော့ စကားလမ်းကြောင်းကို သိသိသာသာ လွဲနေပြန်သည်
ထိုသူသည် သူဖြစ်ချင်တာပဲ သိသည့် လူစားမျိုး

အမြင်ကပ်သော်ငြား စကားဖြတ်လို့လည်း မဖြစ်တာကြောင့် သည်းခံလျက်သာ ထိုသူ့စကားကို ဆက်ပေးရသည်

"စုံ​ထောက်ကင်​မ်ဂျောင်ဟွန်းကို သိတယ်မလား?"

​ယောန်ဂျွန်၏ မျက်နှာအမူအရာသည် အနည်းငယ်မျှ ပြောင်းလဲမသွားသော်ငြား အေးစိမ့်စိမ့်လေထုသည် ဆူဘင်းကျောပြင်တစ်လျှောက် တိုက်ခတ်သွားသယောင် ခံစားလိုက်ရသည်

"သိတယ်​လေ
ကိုယ်နဲ့ အထက်တန်းတုန်းက သူငယ်ချင်း​တွေ"

"ဆုံးသွားတဲ့ သတင်း​ရောကြားတယ်မလား?"

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Où les histoires vivent. Découvrez maintenant