ပွေ့ပိုက်ထားသောအေးစက်ခြင်း...
ရှူရှိုက်လိုက်တာနဲ့အဆုတ်တွင်းထိအလုံးအရင်းဝင်ရောက်လာတဲ့ ငန်ကျိကျိရေတွေကမွန်းကျပ်ပေမယ့်ငြိမ်းချမ်းမှုကိုပေးအပ်နေသလို..
မျက်သဝဏ်လွှာဆီရိုက်ခတ်နေသော နေလုံး၏အလင်းရောင်သည်လည်း လေထုနဲ့အလွှာခြားထားပါသောရေမျက်နှာပြင်ကြောင့် ခပ်မှိန်မှိန်..
ဆိတ်ငြိမ်ခြင်း....
အထီးကျန်ခြင်း...
မွန်းကျပ်ခြင်း...
ခံပြင်းသောခံစားချက်များစွာကရင်ဘတ်ထဲပြည့်နှက်နေပေမယ့် ဒီအရာကိုလိုက်ရှာဖွေခဲ့တဲ့သူကကိုယ်ကိုယ်တိုင်...မဝေးတော့သောသေမင်းကလက်ပြခေါ်နေသည့်အခါ အပြုံးတစ်ပွင့်နဲ့လောကကြီးကိုနှုတ်ဆက်ခဲ့တော့မယ်
ရှင်သန်ဖို့အကြောင်းပြချက်တစ်ခုတောင်မရှိတော့ဘဲ....တိုက်ခိုက်သောရေပြင်လွှာကြောင့်ကျိန်းစပ်လာပြီဖြစ်သောမျက်လုံးနှစ်ဖက်အားမှိတ်ချလိုက်သည်
မွေးဖွားခဲ့ခြင်းကိုအပြစ်တင်ရင်း...ရုတ်တရက်လက်ကောက်ဝတ်ကိုလာဆွဲခဲ့သောလက်တစ်ဖက်ကြောင့် အသိစိတ်မျော့မျော့၌ မျက်လွှာတို့ကိုဖွင့်ကြည့်ဖြစ်သည်
ကောင်လေးတစ်ယောက်?
မသဲကွဲသောပုံရိပ်မှာ နှုတ်ခမ်းတွေကိုလာရစ်ပတ်တဲ့နွေးထွေးမှုတစ်စုံ....
ခံတွင်းထဲလိမ့်ဝင်လာသောအာငွေ့နွေးနွေးမှာအဆုတ်ထဲအတူဝင်လာပါသော အောက်ဆီဂျင်အချို့..နောက်ဆုံးအနေနဲ့မှတ်မိလိုက်တာက
နှင်းဆီဖူးအောက်နှုတ်ခမ်းရဲရဲ.........................................
"ညီ"
နိုးထလိုက်သည်နှင့်အချိန်မလင့်စွာကြားရပါသောအသံရှရှက အသက်ဆက်ရှင်ဖို့လုံလောက်ပြီ
"တာဝန်ကျဆရာဝန်သွားခေါ်လိုက်မယ်နော်"
ဆုပ်ကိုင်ထားတဲ့လက်တစ်ဖက်ကိုလွတ်လိုက်ဖို့ကြံရွယ်နေတဲ့ ချွေးစိုစိုလက်တစ်ဖက်အားရှိသမျှအားနဲ့ပြန်ဖမ်းဆုပ်ထားလိုက်သည်
"ယောန်..ဂျွန်..."
အက်ကွဲကွဲအသံက တိုးတိတ်တိတ်...
YOU ARE READING
𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )
Fanfiction'ချစ်ခြင်း' ဆိုတဲ့ ချို့ယွင်းချက်ကိုသာ ရှာမတွေ့ခဲ့ရင် ကိုယ့်ဘဝက ကိုယ်ဖြစ်ချင်သမျှနဲ့ဘဲ ပြည့်စုံနေခဲ့မှာ ခံစားချက်တွေပေါက်ဖွားရာက ကိုယ့် အားနည်းချက်ဖြစ်လာမယ်ဆိုတာ သိခဲ့ရင် "မင်း" ကို မပိုင်ဆိုင်ချင်ခဲ့လောက်ဘူး ညီ.... ...