Singularity (30)

578 96 26
                                    

Unicode ver

အလင်းပျပျဝင်သောအခန်းကျဥ်းလေးဝယ် ကြမ်းပြင်ထက် ကွဲအက်နေသာမှန်စများ ပြန့်ကျဲနေလျက်ရှိသည်

ရုတ်တရက်မမျှော်လင့်ထားတဲ့ ဖြစ်ရပ်ဟာ ဦးနှောက်ထဲသွေးစီးခြင်းတွေကိုပါရပ်တန့်ပစ်လိုက်သလို...

ရှူရှိုက်နှုန်းနှေးလာသော အဆုတ်က လေးလံသည့်ခြေလှမ်းတို့ကိုသာ ဖန်တီးနိုင်ပြီး ဖရိုဖရဲဖြစ်နေသာအခန်းငယ်လေးထဲသို့ ဦးတည်သွားသည်

ခြေလှမ်းတစ်စုံသည် ဟောင်းနွမ်းနွမ်း ကြမ်းခင်းအညိုရောင်ထက် နေရာတကာမှာဖရိုဖရဲရှိနေသော ပစ္စည်းအကျိုးအကြေတို့ကိုလည်း ရှောင်ဖယ်မနေတော့ပါ
ရှောင်ဖယ်ဖို့အသိစိတ်မကပ်တော့သည်ကြောင့် ဖြစ်နိုင်မည်

တုန်ရီသော ခန္ဓာကိုယ်တစ်ရပ်သည် လှဲပြိုနေသောထိုင်ခုံစုတ်လေးအားပြန်ထောင်မတ်စေလိုက်ပြီး စိတ်အေးစေဖို့ရာအရင်ဆုံးခန္ဓာကိုယ်ကိုအနားပေးစေလိုက်သည်

သူသည် တုန်ခါမှုမရပ်တန့်သောကိုယ်လုံးကို မျက်လွှာတစ်စုံမှိတ်ချစေလျက် တည်ငြိမ်စေလိုက်ပြီးနောက် ရပ်တန့်နေသည့်ဦးနှောက်အားခပ်မြန်မြန်အလုပ်ပေးလိုက်သည်

နာရီလက်တံမျှင်မျှင်လေးက ချက်ခနဲ တစ်ချက်ရွေ့သွားတိုင်း တစ်စတစ်စတိုးလာတဲ့အတွေးတွေ..

စဥ်းစားခြင်း၏ အနှစ်ချုပ်သည် ရှည်ရှည်ဝေးဝေးတွေးမနေရလောက်အောင် သဲကွဲလွန်းနေပါ၏

မြန်ဆန်စွာပဲ အိတ်ကပ်ထဲကခေါက်ဖုန်းအသေးလေးအားထုတ်ယူလိုက်ကာ အလွတ်မှတ်မိနေသောဖုန်းနံပါတ်အားခေါ်ဆိုလိုက်သည်

တတီတီဝင်သွားသည့်ဖုန်းလိုင်း၏စောင့်ဆိုင်းမှုအတွင်း ရင်ဘတ်ကတလှပ်လှပ်

တီခနဲတစ်ဖက်ကဖုန်းကိုင်လိုက်သည်နှင့်တစ်ပြိုက်နက် 'ဟယ်လို' ဟူသည့် အပေါ်ယံနှုတ်ဆက်စကားကိုတောင်မစောင့်နေနိုင်တော့

"ဆူဘင်း ဘယ်မှာလဲ?"

"နောက်ဆုံးတော့ငါ့ကိုဆက်သွယ်လာခဲ့ပြီပေါ့"

"ဆူဘင်းဘယ်မှာလဲလို့ ကျွန်တော်မေးနေတယ်!"

ခပ်ပြတ်ပြတ်အသံကအာဏာသံပြင်းပြင်း။

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now