Singularity (26)

517 102 31
                                    

Unicode ver

Nov, 2021

ကော်ဖီဆိုင်လေးဆီ ဝင်ရောက်လာသော အနက်ရောင်အရိပ်ကလေးမှာ ဘောမ်ဂယူလက်လေးတစ်ဖက်ထောင်ပြလိုက်သည်

မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လိုက်သူက ခပ်ငိုက်ငိုက်ဦးထုပ်ကိုချွတ်သည်
ထွက်ပေါ်လာသည့်အနီရောင်ဆံပင်တွေက ခပ်ထင်းထင်း

"Terry?"

သိပ်မကောင်းသည့်မျက်နှာလေးက မာထန်နေပေမယ့် ညိုးငယ်ငယ်လှိုင်းလေးတွေကထင်ဟပ်လျက်..

အနည်းငယ်နီရဲနေတဲ့ မျက်လုံးထောင့်လေးတွေက ချုံးပွဲချငိုထားတာကို မဖုံးနိုင်မဖိနိုင်

"ကျစ်! ဒီကောင် ချွဲယောန်ဂျွန်တော့"

ခပ်တိုးတိုးမေတ္တာပို့သလိုက်သည်
ကောင်ငယ်လေးကတော့ ဘောမ်ဂယူရှေ့က အေးလက်စအမေရိကာနိုခွက်ကို ယူလိုက်ပြီး တစ်ငုံမော့လိုက်၏

"ထွက်လာခိုင်းတာ ဘာပြောမလို့လဲ"

"ဒီတိုင်းပါပဲ
ပြောစရာထွေထွေထူးထူးမရှိဘူး"

"လွမ်းလို့ခေါ်တာလား?"

ခပ်စစပြောရင်း ပါးတစ်ဖက်ကိုလှမ်းကိုင်ကာ ကော့ရွှတ်နေတဲ့မျက်တောင်လှလှကို မထိတတိလာကိုင်နေပြန်သည်

"အင် လွမ်းလို့"

"ကျွန်တော့်ကိုလား
ဂန်ထယ်ဟွန်းကိုလား"

ယုတ္တိမရှိတဲ့မေးခွန်းဖြစ်ပေမယ့် မရယ်မောလိုက်ရဲ..
လူဆိုးလေးက ကွိုင်ရှာနေဦးမယ်လေ

"မင်းကို"

အဖြေကိုကျေနပ်သွားသည်ထင် ဆက်ခနဲ ပင့်တက်သွားသည့်နှုတ်ခမ်းစွန်းနှစ်ဖက်..

"ဂန်ထယ်ဟွန်းကိုမလွမ်းရဘူး
ခင်ဗျားကကျွန်တော့်အပိုင်"

ဒီတစ်ခါတွင်တော့ ရယ်ချင်စိတ်ကိုမထိန်းလိုက်နိုင်.... ခပ်ရေးရေးပြုံးလိုက်မိသည့်အခါ လူဆိုးလေးက မျက်မှောင်ကြုံ့သည်

"ဘာရယ်တာလဲ"

"မဟုတ်ပါဘူး ချစ်ဖို့ကောင်းလွန်းလို့ရယ်မိတာ"

ပန်းသွားသည့်ပါးရိုးလေးတွေက မလိမ်တတ်မညာတတ်

Terry သည် သူ့ဘက်ကစိတ်ရှိသလိုလုပ်နေပြောနေရရင်အကောင်း ဘောမ်ဂယူဘက်က အနုအရွစကားတွေဆိုလာသည့်အခါတိုင်းတွင်တော့ မနေတတ်မထိုင်တတ် ရှက်ရှက်သွားတတ်ပါ၏

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now