Prologue

2.7K 175 8
                                    

ယုန်းဆန်း ရဲစခန်း

​လေးလံလံ​ခြေ​လှမ်းတို့နှင့်အတူ လှမ်းဝင်လာသည်နှင့် ပုခုံးဖက်ကာလာရောက်ကြိုဆို​သောစုံ​ထောက် အွီဂျင်း

"စုံ​ထောက်ချွဲ အလုပ်ပြန်ဆင်းပြီ​​ပေါ့"

မြင်သာ​နေတဲ့မေးခွန်းတစ်ခုကို နှုတ်ဆက်စကားအ​နေနဲ့ မေး​သည့်အခါ ဆက်ခနဲသာ တစ်ချက်​ခေါင်းညိမ့်ပြဖြစ်တယ်

ရဲစခန်းအတွင်းက​တော့ အရင်လိုပဲ ဆူဆူညံညံ။
ခိုးဆိုးလုယက်ရာဇဝတ်သမားအ​သေး​လေး​​တွေက ​မေးမြန်းစစ်​ဆေးတာ​တွေကိုဘုဂန့်လန့်လုပ်မယ်
အချုပ်ခန်းထဲက ဆန်ကုန်​မြေ​လေးအ​ပေအ​တေ​တွေကလည်း ထမင်း​ကျွေးပါ တဆူဆူ​တောင်းမယ်

ရင်းနှီး​နေတဲ့လေထု​ကြောင့် သတိမထားမိလိုက်ပါပဲ ခပ်ပါးပါးပြုံးလိုက်ဖြစ်​သေး၏

"စုံ​ထောက်ချွဲ စခန်းမှူးကအခန်းထဲခဏလာပါဦးတဲ့"

လုပ်​ဖော်ကိုင်ဖက်တစ်​ဦးရဲ့အ​​ပြောကြောင့် စခန်းမှူးရဲ့ အခန်းဆီဝင်သွားလိုက်တယ်
စခန်းမှူးကင်က​တော့ ခါတိုင်းလိုပဲ အိပ်မှုန်စုပ်ဖွား ဆံပင်ဘုတ်သိုက်

အနည်းငယ်အနံ့ထွက်​နေတဲ့ဒီအခန်းထဲမှာ စခန်းမှူးကင် ဘယ်နှည​လောက်ဖြတ်သန်းပြီးခဲ့ပြီလဲ​မသိနိုင်

စခန်းမှူးက သူဝင်လာတာကို​တွေ့​သည့်အခါ စာရွက်စာတန်း​တို့လှန်​လှော်နေခြင်းကို ခေတ္တရပ်တန့်လိုက်ပြီး မော့ကြည့်လာသည်

"မင်း ပြန်လာတာဝမ်းသာပါတယ်
မင်းမရှိ​တော့စခန်းမှာ အလုပ်​တွေပိုပိလာတာ သိသာတယ်"

"ဟုတ်ကဲ့
ပျက်ကွက်မှုအတွက်တောင်းပန်ပါတယ်"

"အဲ့ဒါထက် စိတ်အ​ခြေအ​နေ​ကရောအဆင်​ပြေပြီလား?"

"ဟုတ်"

"အင်း ​ကောင်းတယ်"

"ဒါနဲ့ ဟို ... စခန်းမှူး"

"အင် ​ပြော​လေ"

စိတ်လှုပ်ရှားမှုတို့နဲ့အတူ သူ့လက်​ချောင်း​တွေကိုဆော့​ကစားနေမိ​သေး၏
စခန်းမှူးက အလုပ်မှာ​တော်သ​လောက် စည်းကမ်းကြီးတာကို ​ကောင်းကောင်းသိတယ်လေ

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now