Singularity (23)

556 105 20
                                    

Unicode ver

ရွေးချယ်မှုတွေက ခက်ခဲတယ်
အထူးသဖြင့် ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို ရွေးချယ်ရတဲ့အခါပေါ့

...............................................

"ဆူဘင်း!!"

ဝုန်းခနဲပွင့်သွားသည့်တွန်းတံခါးနဲ့အတူ မြန်ဆန်စွာလှမ်းလာသည့်ခြေလှမ်းကျယ်တို့က ဆေးရုံကုတင်ထက်ဘေးတစောင်းထိုင်နေပါသောသူဆီ..

"သေနတ်ထိသွားတယ်ဆို မင်းအဆင်ပြေရဲ့လား?"

စိုးရိမ်တကြီးမေးခွန်းထုတ်လာသူအား ကျောက်ပတ်တီးစီးထားရသောခြေတစ်ဖက်အား အနည်းငယ်မြောက်ပြလိုက်ပါ၏

"အဆင်ပြေတယ်
နည်းနည်းလျှပ်ထိသွားရုံ..."

မပြီးပြတ်သေးသည့်စကားအလယ် ခါးကုန်းလျက်အတင်းပွေ့ဖက်လာသူကြောင့် တုန့်ပြန်မှုတို့နှေးကွေးရသည်

"အွီ..ဂျင်း?"

"မင်းအခုတလောဘာဖြစ်နေတာလဲ
ဓားထိုးခံရလိုက် သေနတ်ပစ်ခံရလိုက်နဲ့..
ကျေးဇူးပြုပြီးကိုယ့်ကိုကိုယ်ဂရုစိုက်ပေးစမ်းပါ ဆူဘင်း"

"ငါ..အဆင်ပြေပါတယ်"

"တောင်းဆိုတာပါ
ကာကွယ်ခွင့်မပေးရင်တောင် စိတ်ပူရအောင်မလုပ်ပါနဲ့လား?"

ပုခုံးနှစ်ဖက်မှတင်းကျပ်လာသည့်ပွေ့ဖက်မှုအား ဆူဘင်းသည်တော့ ငြိမ်သက်စွာ လက်သင့်ခံပေးနေသည်

"အင်း ငါသိပြီ"

ပြတ်သားသည့်စကားတစ်ခွန်းအဆုံး တုန့်ပြန်မှုမရှိတဲ့ခန္ဓာကိုယ်လေးအား မလွတ်ချင်လွတ်ချင်အလွတ်ပေးမိပါ၏

မြတ်နိုးတဲ့ပန်းကလေးက ကိုယ်မပိုင်တာကြောင့်ငေးခွင့်အပြင်မရှိတာကိုမေ့သွားလိုက်တာ

"ဒဏ်ရာရော အခြေအနေဘယ်လိုလဲ"

"အဆင်ပြေတယ်
ပတ်တီးနည်းနည်းစည်းထားရင်ရပြီ"

"ဘယ်လိုဖြစ်ရတာလဲ
တရားခံရော လွတ်သွားတာလား?"

"အင်း လွတ်သွားတယ်"

ပြီးစလွယ်တပ်ဆင်လိုက်သောအပြုံးက ဟန်ဆောင်ခြင်းအပြည့်...

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now