"သူကချောလား....."

"အမလေး....ချောလိုက်တာကတော့ပြောမနေပါနဲ့တော့အေ.....သူ့ပုံစံကသောက်ရမ်းအေးစက်နေတာပဲ....လုံးဝငါ့typeဆိုတာသေချာတယ်"

"အဲ့ဒီစီနီယာကပန်းရောင်လေးရဲ့ညီလောက်ရောချောပါ့မလား"

"တကယ်မှီတယ်ဟ.....ပန်းရောင်လေးရဲ့ညီလိုပဲသောက်ရမ်းကိုချောတာ"

မကြာခင်၌ပဲဆရာတစ်ယောက်ဝင်ရောက်လာသောကြောင့်မိန်းကလေးတစ်အုပ်၏စကားစမှာချက်ချင်းပြတ်တောက်သွားသလိုရှောင်ကျန့်လည်းစာအပေါ်တွင်သာအာရုံစိုက်လိုက်သည်။

စာသင်ချိန်ပြီးတာနဲ့ကျောင်းသားတွေဟာသူတို့လွယ်အိတ်ကိုယ်စီအားသယ်၍ဟိုတစ်ပေါက်ဒီတစ်ပေါက်ဖြင့်ဆူညံစွာထွက်ခွာသွားကြသည်။

ထုံးစံအတိုင်းလူတော်တော်များများကတော့ရှောင်ကျန့်တို့အခန်းအရှေ့၌ဝေ့လည်ကြောင်ပတ်လုပ်ရင်းလက်ဆောင်ကိုယ်စီဖြင့်ရှောင်ကျန့်အားစောင့်ဆိုင်းနေကြသည်။

ကျန့်နင်ဟာအတန်းချိန်ပြီးသွားတာနဲ့ရှောင်ကျန့်တို့ဆီချက်ချင်းပြေးလာသည်။ရှောင်ကျန့်အခန်းပြင်ပင်မထွက်ရသေးချိန်မှာပင်ကျန့်နင်ကသူမရဲ့အသံကျယ်ကြီးအားအသုံးပြု၍ရှောင်ကျန့်အားပြေးဖက်သည်။

"ချစ်မောင်လေး"

ကျန့်နင်၏လက်မောင်းမှာရှောင်ကျန့်၏လည်ပင်းထက်၌ထုံးစံအတိုင်းချိတ်ဆွဲလျက်ပင်'ချစ်မောင်လေး'ဆိုသည်အားပါးစပ်ကမချပေ။ပြီးရင်သူပဲဒီမောင်လေးကိုခဏခဏရောင်းစားသွားသည်မှာမဟုတ်တဲ့အတိုင်းပင်။

ရှောင်ကျန့်တို့အမွှာမောင်နှမနှစ်ယောက်နှင့်ပိုင်လု၊ဝူရန်ကျင်းတို့အပါအဝင်အားလုံးပေါင်းလေးယောက်မှာအခန်းအတွင်း၌စတင်ထွက်လိုက်သည်နှင့်ပုံမှန်ကြားနေကြလူအုပ်ကြီး၏ဆူညံသံတွေမှာထူးဆန်းစွာအလွန်တိတ်ဆိတ်နေကြောင်းသတိထားမိသွားကြသည်။

အလွန်တိတ်ဆိတ်နေသည့်ကော်ရစ်တာတစ်လျှောက်၌စည်းချက်ကျသည့်ခြေသံတစ်သံသာထွက်ပေါ်နေသည်။ရှောင်ကျန့်မှာအသံလာရာဆီသို့ကြည့်လိုက်မိသည်နှင့်ပတ်ဝန်းကျင်၌အလွန်တိတ်ဆိတ်နေရသည့်အကြောင်းအရင်းမှန်အားသိသွားခဲ့သည်။

system 091 Where stories live. Discover now