"ရိအိမ်တော်ကို"

၎င်းအနက်ရောင်ဇိမ်ခံကားကြီးမှာချက်ချင်းပင်ဦးတည်ရာတစ်ခုဆီသို့မောင်းနှင်သွားသည်။
ဟွမ်ချင်ရဲ့ကရှောင်ကျန့်ရဲ့နဖူးလေးကိုဖွဖွလေးနမ်းလိုက်ရင်းသူ့ရင်ခွင်ထဲ၌ကျစ်အောင်ဖက်ထားလိုက်သည်။

နာရီဝက်လောက်ကြာမောင်းနှင်ပြီးနောက်တွင်ဇိမ်ခံကားကြီးမှာရိအိမ်တော်ရှေ့၌ရပ်တန့်သွားသည်။အိမ်စောင့်နှင့်ခြံစောင့်တစ်ချို့မှာတားဆီးရန်လုပ်လိုက်ပေမယ့်ကားထက်ကဆင်းလာသည့်ခြေတံရှည်ရှည်နှင့်ချောမောလှပသည့်အမျိုးသားမှာသူတို့ရဲ့သခင်လေးဖြစ်သူအားသယ်ဆောင်လာမှန်းသိသွားသည်နှင့်ရပ်တန့်သွားသည်။

ထိုအမျိုးသားမှာအေးစက်တည်တင်းသည့်မျက်နှာထားဖြင့်ပင်အစေခံတွေအားတစ်ချက်သာကြည့်သည်။ဒီလူတွေကိုသူ့ရဲ့သက်တော်စောင့်တွေကအလုံးစုံရှင်းပြပေးလိမ့်မည်။

ရိအိမ်၏တံခါးဝကြီးမှာဖွင့်ဟထားပြီးဧည့်ခန်းထဲ၌ရိမင်တစ်ယောက်ဂနာမငြိမ်စွာဖြင့်ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ဖြစ်နေသည်။

သူ့ကိုကိုအိမ်မှာမရှိဘူး။ကိုကိုကညဘက်ကြီးဘယ်တွေသွားနေတာလဲ။

ရုတ်တရတ်ကားသံနှင့်အတူဧည့်ခန်းအတွင်းသို့လျှောက်လှမ်းလာသည့်ခြေသံကိုကြားလိုက်ရသည်။ရိမင်မျက်မှောင်ကြုတ်လိုက်သည်။ကိုကို့ရဲ့ခြေသံကဒီလောက်ထိလေးလံပြီးစည်းချက်ညီမနေသင့်ဘူး။

ရိမင်လှည့်ကြည့်လိုက်တော့အရပ်မြင့်မြင့်လူတစ်ယောက်မှာတစ်စုံတစ်ခုအားပွေ့ချီလျက်ဝင်လာကြောင်းတွေ့လိုက်ရသည်။ထိုလူပွေ့ချီထားသည့်အရာအားမြင်သည်နှင့်ရိမင်၏မျက်နှာမှာအကြီးအကျယ်ပျက်ယွင်းသွားသည်။

ရိမင်ဟာခြေလှမ်းကျဲကြီးတွေဖြင့်အလျှင်အမြန်လှမ်းလာရင်းဟွမ်ချင်ရဲ့လက်မောင်းထဲရှိရှောင်ကျန့်အားလှမ်းယူဖို့ရန်လုပ်သည်။

သူ့ကိုကိုသူစိမ်းတစ်ယောက်ရဲ့လက်ထဲမှာလုံးဝမထားနိုင်ပေ။

ရိမင်၏ရည်ရွယ်ချက်ကိုသတိထားမိသည့်ဟွမ်ချင်ရဲ့သည်ရိမင်၏လက်အားအမြန်ရှောင်၍ရှောင်ကျန့်အားပြန်မပေးလိုက်ချေ။

system 091 Όπου ζουν οι ιστορίες. Ανακάλυψε τώρα