ရိမင်သည်ရှောင်ကျန့်၏သေးသွယ်လှပသောလက်ချောင်းလေးများအားလှမ်းယူ၍နီရဲနေသည့်အစက်လေးနှစ်စက်အားဖွဖွလေးထိကိုင်ရင်းသူ့ရဲ့အနက်ရောင်မျက်ဝန်းတစ်စုံမှာစိတ်လွတ်နေသည့်တောရိုင်းကောင်ကြီးတစ်ကောင်ကဲ့သို့တဖြည်းဖြည်းနီရဲလာခဲ့သည်။

သူ့ရဲ့ကိုကို.....သူ့ရဲ့ကိုကိုထိခိုက်သွားပြီ.....

ရိမင်၏စိတ်အခြေအနေမှာပုံမှန်မဟုတ်စွာလှုပ်ရှားလာချိန်၌ရှောင်ကျန့်၏လက်လေးဟာရိမင်၏သွယ်လျကြီးမားသည့်အပူလောင်သွားသောလက်အားစိုးရိမ်ပူပန်စွာပြန်လည်ဆုပ်ကိုင်လာသည်ကိုခံစားမိလိုက်သည်။

"ရိမင်.....ဘာလို့ကော်ဖီခွက်ကိုပုတ်ထုတ်လိုက်ရတာလဲ....အခုတော့ကြည့်ဦး....လက်အပူလောင်သွားပြီ...."

ရှောင်ကျန့်ဟာအဘွားကြီးပေါက်စလေးကဲ့သို့ပွစိပွစိရေရွတ်ရင်းရိမင်အားဆူပူလိုက်သည်။

ရှောင်ကျန့်ကသူ့ကိုဝင်တိုက်သည့်တစ်ဖက်လူအားစကားပြောဖို့ရန်လုပ်လိုက်သည်။

"ဒီမှာ မင်း......."

"အဟင့်.....ကျွန်တော့်ကိုမရိုက်ပါနဲ့.....
ကျွန်တော်တမင်သက်သက်လုပ်
လိုက်တာမှမဟုတ်တဲ့ဟာ"

ရှောင်ကျန့်ဘာမှမပြောရသေးခင်မှာပဲတစ်ဖက်လူငယ်ဟာရှောင်ကျန့်တို့ကသူ့ကိုပဲအနိုင်ကျင့်နှိပ်စက်နေသကဲ့သို့မျက်ရည်ပေါက်ကြီးငယ်ကျလျက်ပြောဆိုလာသည်။

ရှောင်ကျန့်ဟာပါးစပ်အဟောင်းသားဖြင့်သာတစ်ဖက်လူအားကြည့်နေလိုက်နိုင်သည်။

ဆိုင်ထဲရှိလူတိုင်းဟာလည်းရှောင်ကျန့်တို့သုံးယောက်အားအာရုံစိုက်လာခဲ့ကြပြီးတစ်ယောက်တစ်မျိုးတတွတ်တွတ်ဖြင့်ပြောနေကြသည်။

အာ.....ငါဘာမှမပြောရသေးဘူးလေ.....

ထိုလူငယ်၏သူပဲခံနေရသလိုစကားကြောင့်ရှောင်ကျန့်တို့သာသူ့ကိုတစ်ခုခုပြောဆိုလိုက်တာပဲဖြစ်ဖြစ်အနည်းငယ်ထိခိုက်အောင်လုပ်မိတာပဲဖြစ်ဖြစ်လူတိုင်း၏အပြစ်တင်ပြောဆိုခြင်းအားခံရပေလိမ့်မည်ဖြစ်သည်။ရိမင်ကဒေါသတကြီးဖြင့်တစ်ဖက်လူငယ်အားဆွဲထိုးရန်ပြင်လိုက်ပေမယ့်ရှောင်ကျန့်ကတားဆီးလိုက်သည်။

system 091 Where stories live. Discover now