author's note

5.1K 210 37
                                    


Ending က မင်းတို့အတွက် ကျေနပ်မှု့ ရှိချင်မှ ရှိပါလိမ့်မယ် ။ plot စချကတည်းက note ထဲ ချရေးထားမိတဲ့ ending ကိုပဲ ပြန်ပြင်ရေးထားမို့
Se /  He  / Oe ကြိုက်သလို သတ်မှတ်လို့ရပါတယ်။

ကျန့် ဘာကြောင့် ပြန်လက်မခံရလဲဆို အဖြေက ရှင်းပါတယ်။ သူဟာ ဝမ့်အပေါ်မှာ ထပ်ပြီး ယုံကြည်မှု့မရှိတော့လို့ပါ။ နောက်ကျောကို အကြိမ်ကြိမ်အခါခါ ဓားထိုးခံခဲ့ရသူမို့ မယုံကြည်နိုင်တာ လက်တွေ့ကျတယ်လို့ကိုယ်ထင်ပါတယ်။

ဘယ် Relationship မဆို ယုံကြည်မှု့ကို အခြေခံတည်ဆောက်ထားရတာ မို့ ယုံကြည်မှု့မရှိတဲ့အခါ
မတည်မြဲနိုင်ပါဘူး ။

ဝမ် ကတော့ သံယောဇဥ်နဲ့ အချစ်ကို သေချာမခွဲခြားနိုင်ခဲ့တဲ့ လူဆိုးကောင်လေးပါပဲ ။လူတစ်ယောက်အပေါ် သံယောဇဥ်ရှိတာက အဲ့လူကို ချစ်တာမျိုးနဲ့မတူပါဘူး။ သံယောဇဥ်ကလေ.... အချိန်တစ်ခုကြာရင် ပေါ်ပေါက်လာနိုငိပေမယ့် အချစ်ကတော့မတူပါဘူး။

လူတစ်ယောက်ကို ချစ်မိသွားဖို့က လွယ်ပါတယ်။
ဆက်ပြီး ချစ်သွားဖို့ကပဲ ခက်ခဲတာ ။ မြင်မြင်ချင်းအချစ်တို့ဘာတို့က သံယောဇဥ်လိုမျိုး အချိန်အကြာကြီး တည်ဆောက်စရာမလိုပါဘူး။

စိတ်မကျေနပ်မှု့ ရှိခဲ့ရင် ဒါဟာ မင်းတို့ကိုပြသချင်တဲ့အကြောင်းအရာကို သေချာမဖော်ပြနိုင်တဲ့ကိုယ့်အပြစ်ပါ ။ သေချာကြည့်ရင် ဘယ်အချစ်မဆို နာကျင်ရတာပါပဲ.... မနာကျင်ရဘဲ လူတစ်ယောက်ကို ချစ်မိသွားဖို့က မဖြစ်နိုင်လောက်ပါဘူး ။

Marriage life အသစ်တစ်ခုနဲ့အတူ ပြန်လာခဲ့ပါမယ်။

မေးချင်တာ မေးသွားလို့ရပါတယ်။
Rewrite ပြန်ရေးတဲ့ခါ တတ်နိုင်သမျှ အမှားတွေလျှော့အောင် ပြန်ပြင်ထားပေမဲ့ မှားနေတာရှိသေးရင် တောင်းပန်ပါတယ်။

# Lilac- Noon











Ending က မင္းတို႔အတြက္ ေက်နပ္မႈ႕ ရွိခ်င္မွ ရွိပါလိမ့္မယ္ ။ plot စခ်ကတည္းက note ထဲ ခ်ေရးထားမိတဲ့ ending ကိုပဲ ျပန္ျပင္ေရးထားမို႔
Se /  He  / Oe ႀကိဳက္သလို သတ္မွတ္လို႔ရပါတယ္။

က်န့္ ဘာေၾကာင့္ ျပန္လက္မခံရလဲဆို အေျဖက ရွင္းပါတယ္။ သူဟာ ဝမ့္အေပၚမွာ ထပ္ၿပီး ယုံၾကည္မႈ႕မရွိေတာ့လို႔ပါ။ ေနာက္ေက်ာကို အႀကိမ္ႀကိမ္အခါခါ ဓားထိုးခံခဲ့ရသူမို႔ မယုံၾကည္နိုင္တာ လက္ေတြ႕က်တယ္လို႔ကိုယ္ထင္ပါတယ္။

ဘယ္ Relationship မဆို ယုံၾကည္မႈ႕ကို အေျခခံတည္ေဆာက္ထားရတာ မို႔ ယုံၾကည္မႈ႕မရွိတဲ့အခါ
မတည္ၿမဲနိုင္ပါဘူး ။

ဝမ္ ကေတာ့ သံေယာဇဥ္နဲ႕ အခ်စ္ကို ေသခ်ာမခြဲျခားနိုင္ခဲ့တဲ့ လူဆိုးေကာင္ေလးပါပဲ ။လူတစ္ေယာက္အေပၚ သံေယာဇဥ္ရွိတာက အဲ့လူကို ခ်စ္တာမ်ိဳးနဲ႕မတူပါဘူး။ သံေယာဇဥ္ကေလ.... အခ်ိန္တစ္ခုၾကာရင္ ေပၚေပါက္လာနိုငိေပမယ့္ အခ်စ္ကေတာ့မတူပါဘူး။

လူတစ္ေယာက္ကို ခ်စ္မိသြားဖို႔က လြယ္ပါတယ္။
ဆက္ၿပီး ခ်စ္သြားဖို႔ကပဲ ခက္ခဲတာ ။ ျမင္ျမင္ခ်င္းအခ်စ္တို႔ဘာတို႔က သံေယာဇဥ္လိုမ်ိဳး အခ်ိန္အၾကာႀကီး တည္ေဆာက္စရာမလိုပါဘူး။

စိတ္မေက်နပ္မႈ႕ ရွိခဲ့ရင္ ဒါဟာ မင္းတို႔ကိုျပသခ်င္တဲ့အေၾကာင္းအရာကို ေသခ်ာမေဖာ္ျပနိုင္တဲ့ကိုယ့္အျပစ္ပါ ။ ေသခ်ာၾကည့္ရင္ ဘယ္အခ်စ္မဆို နာက်င္ရတာပါပဲ.... မနာက်င္ရဘဲ လူတစ္ေယာက္ကို ခ်စ္မိသြားဖို႔က မျဖစ္နိုင္ေလာက္ပါဘူး ။

Marriage life အသစ္တစ္ခုနဲ႕အတူ ျပန္လာခဲ့ပါမယ္။

ေမးခ်င္တာ ေမးသြားလို႔ရပါတယ္။
Rewrite ျပန္ေရးတဲ့ခါ တတ္နိုင္သမွ် အမွားေတြေလွ်ာ့ေအာင္ ျပန္ျပင္ထားေပမဲ့ မွားေနတာရွိေသးရင္ ေတာင္းပန္ပါတယ္။

# Lilac- Noon



ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now