|| 18 ||

5.7K 453 19
                                    

# U & Z

A/ N

# Incest taste မကြိုက်သူတွေက
နောက်ပိုင်း part နည်းနည်းကို
ကျော်ဖတ်သွားပေးပါ။
Coversation မှာ စာရေးတာထက်
ကိုယ့်ကို Msg box မှာ လာပြောပါ ။
ကိုယ်က Coversation မှာ ရှိသမျှ စာတွေ
ပြန်ဖျက်တတ်တာမို့ တချို့တွေ စိတ်ခုမှာ
စိုးလို့ပါ။

×××××××××××××

Lium ပြန်သွားပြီးတော့ ရှောင်ကျန့်တစ်ယောက်တည်း
ဒီအခန်းထဲကျန်ခဲ့ရပြန်သည် ။

အခန်းထဲဝင်ကာ မွေ့ယာအိအိလေး
အပေါ် စိမ်ပြေနပြေ လဲချလိုက်မိသည်။ 

အတွေးတွေက တောင်ရောက်မြောက်ရောက်
သူ Lium ကို လက်ခံမိတာ မှားပြီလားဟု
တွေးမိသည်။

ဒါပေမဲ့... ကိုယ့်အပေါ် အလေးမထားတဲ့
သူ အတွက်
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကလို အချစ်အပေါ်
ဘယ်အချိန်ထိ
သစ္စာရှိပြနေရအုံးမှာလဲ ။


မချစ်နိုင်တောင် Lium က သေချာပေါက်
အချစ်ကို ဘေးဖယ်ထားလိုက်ရင်
ရွေးချယ်သင့်တဲ့ အမျိုးသားတစ်ယောက်
ဆိုတာ သူသိသည် ။


ရှောင်ကျန့် သူ့အပေါ် ပြန်မချစ်နိုင်မှန်း သိရက်နဲ့
နာနာကျင်ကျင် ဆုပ်ကိုင်ထားခဲ့တာကိုပဲ
ကြည့်ပါလား ။

ထိုခံစားချက်ကိုရှောင်ကျန့် နားလည်သည် ။

ချစ်ရသူဆီက ဥပေက္ခာပြုခံရတဲ့ ခံစားချက်မျိုးပေါ့ ။

အိပ်ချင်လာတာကြောင့် စောင်ကို
ရင်ဖျားရောက်သည်ထိ ဆွဲဲခြုံကာ အိပ်ဖို့
ပြင်နေစဥ် အတွင်းမှာပင်
ကြားလိုက်ရတာက အားပြင်းလှတဲ့  တံခါးဖွင့်သံ ။

ရိုးရိုးတန်းတန်း ဖွင့်နေတာမျိုးမဟုတ်
ကြည့်ရတာ.. အားနဲ့ ဆောင့်ကန်
နေသည့်ပုံစံမျိုးပင် ။

" မင်း... မင်း... ဒီကို ဘယ်လို? "


သူ့ကို သရဲတစ္ဆေလို တစ်ကောင်လို ကြည့်ကာ
တစ်ကိုယ်လုံး
တုန်ရင်စွာ ကုတင်ခေါင်ရင်းကို
တဖြည်းဖြည်းချင်း ဆုတ်နေသည့်ရှောင်ကျန့် ။


" ဘာလဲ ။မဟုတ်တာလုပ်ထားတော့
သိပ်ကို ကြောက်သွားသလား ။ "


ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Opowieści tętniące życiem. Odkryj je teraz