|| 20 ||

6.3K 505 24
                                    

#  U & Z


" အချစ်တဲ့.... စကားလုံးလေးနှစ်လုံးတည်းပေမဲ့
နာကျင်မှု့တွေသိပ်ပေးတယ်။ ဒါပေမဲ့ မြတ်နိုးရသူဆိုတော့လည်း သူပေးသမျှ နာကျင်မှု့ဒဏ်ကို
တမြတ်တနိုး ခံယူမိပြန်တယ်။ ကိုယ်က
အဲ့လောက်ထိ မင်းအပေါ်မှာ ဝဋ်ကြွေးကြီးပါတယ်။ "

~~~~~~~~~~~~~~~~~~~~~~~~~~

ချွင် ! 

ချလွင် !

နောက်ကျိနေတဲ့ ခေါင်းကို လက်နဲ့အသာဖိကာ
လှုပ်ရှားမိတော့  တိတ်ဆိတ်ငြိမ်သက်နေတဲ့
ပတ်ဝန်းကျင်ကြောင့်ကျယ်ကျယ်လောင်လောင်
ထွက်လာသည့်အသံ ။


" အ့စ် "

တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာကျင်နေတာက ဆိုးဆိုးဝါးဝါး ပင် ။

မျက်လုံးတွေ ဖွင့်ကြည့်မိတော့ မြင်လိုက်ရသည်က
အနက်ရောင်တွေ လွှမ်းခြုံထားတဲ့ အခန်းကျယ်ကြီး ။

သံကြိုးတွေနဲ့ လူမဆန်စွာ ချည်နှောင်ခြင်းခံထားရတဲ့
ခြေထောက်တွေ ။

သူကတော့King Size Bed ပေါ်မှာ ။

ပြောနေစရာမလိုလောက်အောင် ရှောင်ကျန့်သိလိုက်ရသည်။

ဝမ်ရိပေါ်ဟာ ဘယ်တော့မှ မပြောင်းလဲမယ့် လူသားဆိုတာ ။

ဗီဇ ဆိုတာ သေမှ ပျောက်တတ်တဲ့
အမျိုးဆိုတာ သွေးထွက်အောင်မှန်သည့်စကားပင်။

ငါကို ဘယ်လောက်ထိ လူနဲ့မတူတော့လောက်အောင်
နှိပ်စက်ဖို့ တွေးထားပြန်ပြီလဲ ဝမ်ရိပေါ်။


* ကျွီစ် *

တံခါးဖွင့်သံ နဲ့အတူ ကြားလိုက်ရတဲ့ ခြေသံက
ကြည့်စရာမလိုလောက်အောင်ကို ဝမ်ရိပေါ်မှန်းသိသာနေသည်။

" နိုးလာပြီလား ။ အရင်က ရောက်ဖူးပေမဲ့
မရောက်ဖြစ်တာကြာပြီမလား ။ BLACK ROYAL ကိုလေ ။ Welcome back ရှောင်ကျန့် "

ရှောင်ကျန့် လှည့်မကြည့်မိ ကုတင်ပေါ်မှာ သူကို ကျောပေးပြီးလှဲလျောင်းလျက်သာ ။

ကျချင်နေသည့်မျက်ရည်တွေကို မကျမိအောင်ထိန်းသည်။

ငါက မင်းရှေ့မှာ အားနွဲ့ပျော့ညံနေတဲ့ကောင်
ထပ်အဖြစ်မခံနိုင်တော့ဘူး ဝမ်ရိပေါ်။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now