|| 22 ||

6K 506 16
                                    

# U & Z

" မင်းအတွက် အသုံးမလိုတဲ့ ကိုယ်ရဲ့ ချစ်ခြင်းမေတ္တာတွေကို တကူးတက မပေးအပ်ချင်တော့ပါဘူး ။ တန်ဖိုးရှိလွန်းလို့ အတ္တကြီးစွာနဲ့ ကိုယ်ရင်ထဲမှာပဲ
သိမ်းဆည်းထားလိုက်တော့မယ်။

ကိုယ့်ချစ်ခြင်းတွေကြောင့် မမွန်းကြပ်စေလိုပါဘူး ချစ်သူ ။ "

~~~~~~~~~~~~~~~~~~~~~~~~~~~

*  We're only gettin' older, baby
And I've been thinkin' about it lately
Does it ever drive you crazy
Just how fast the night changes? *


Alarm မြည်သံကြောင့် ရှောင်ကျန့် အိပ်ယာ ကနေ
လူးလိ့မ်ပြီး မထချင်ထချင်နဲ့ ထလာရသည်။

Alarm ကို ပိတ်လိုက်ကာ တဘတ်တထည်ကို
ဆွဲယူပြီး ရေချိုးခန်းထဲ ဝင်ကာ ရေမိုးချိုး မနက်ခင်း နိစ္စဓူဝ အမှု့မှု့ ပြီးမှ ထွက်လာတော့ နာရီက... 8 နာရီ တိတိ ။

ခဲရောင် suit ကို အကျအန ဝတ်ဆင်ကာ ရေစိုနေတဲ့ ဆံပင်တွေကိုdryer မှုတ်ပြီး  ပုံသွင်းလိုက်တယ်။

Rolex နာရီကို ဝတ်လိုက်ကာ necktie တပ်ပြီး
မှန်ထဲက သူ့ပုံရိပ်ကိုယ် သူ ပြန်ကြည့်လိုက်မိတယ်။

ညက တစ်ညလုံး ငိုထားမိတာမို့ မျက်အိပ်ကအနည်းငယ်ဖောင်းချင်နေသည်။

ရေခဲကပ်လိုက်ရင် အဆင်ပြေသွားမှာပါလေ။

အကုန်လုံး ပြင်ဆင်ပြီးစီးကာမှ အိပ်ခန်းထဲကနေ ထွက်လာလိုက်တော့ မြင်လိုက်ရတာက

" ကျန့် "

ကျားသားမိုးကျိုး မနက်စောစောစီးစီး ရောက်နေတဲ့
ရှောင်ဟန်ကြောင့် ရှောင်ကျန့် မနက်ခင်းလေးက ထင်ထားသလောက် မလှပခဲ့ ။

" ရှောင်ဟန် ၊ မင်းမှာ အိမ်မရှိဘူးလား ။
အချိန်ရှိသရွေ့ ငါ့ဆီပဲရောက်ရောက်လာနေလို့ ။ "

ရှောင်ကျန့် ရွဲ့စောင်းပြောတဲ့စကားကို ထိုကောင်လေးက နားထဲတောင် မထည့်ပုံပင်ရှောင်ကျန့် စားနေကျ
ပေါင်မုန့်မီးကင်ကို ချောကလက်ယို သုတ်ပေးပြီး
နို့ပူပူလေး တစ်ခွက်ကိုဂရုတစိုက် ထည့်ပေးနေသည်။

ရှောင်ကျန့် အကြိုက်ကိုထိုကောင်လေးက သိနေခဲ့ပြန်သည်။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now