|| 5 ||

5.9K 513 14
                                    

#U & Z

နေ့လည်စာ စားချိန်ရောက်နေပြီမို့
Company နဲ့ သိပ်မဝေးတဲ့
သူစားနေကျ
ဆိုင်ကိုပဲ Lium ကို
ခေါ်သွားလိုက်တယ် ။

လမ်းမှာလည်း
စကားတပြောပြောနဲ့
လာလိုက်ကြတာ
မမောနိုင် မပန်းနိုင် ။

Lium က C နိုင်ငံမှာရှိတဲ့
သူ့အဖေရဲ့ ရုံးခွဲကို
လာဦးစီးတာ ဖြစ်သည် ။

တိုက်ဆိုင်လွန်းတယ်လို့ပဲ
ပြောရမလား ရှောင်ကျန့် ခုလက်ရှိ
ရထားတဲ့ project က Lium တို့
" HORIZON " GROUP က
ဖြစ်နေသည် ။

ကားပါကင်မှာ နေရာတကျ
ထိုးလိုက်ကာ ရယ်ရယ်မောမောနဲ့
သူတို့နှစ်ယောက် ဆိုင်ထဲကို
ဝင်လာခဲ့ကြသည် ။

နောက်ကျောမလုံသည့်
ခံစားချက်ကြောင့် ရှောင်ကျန့်
ဆိုင်ထဲ မရောက်ခင်
အနောက်ကို လှည့်ကြည့်
လိုက်မိသေးသည်
ဒါပေမဲ့ သူအတွေး
လွန်သွားပုံပါပင် နောက်မှာ
လူဆိုလို့
အရိပ်ကလေးတောင်ရှိမနေ ။


ဆိုင်က ပတ်ပတ်လည် မှန်တွေနဲ့ပဲ
ဖွဲ့စည်းထားတာမို့ အပြင်ကို
အရှင်းသား မြင်နေရသလို
ဆိုင်ထဲကိုလည်း မြင်နေရသည် ။

အသံလုံစနစ် နဲ့ ပြုလုပ်ထားတာမို့
လမ်းဘက်က ကားသံတွေကတော့
မကြားရ ။

" Lium ဘာစားမလဲ မှာလေ ။ "

Waiter လေးလာပေးသည့်
menu စာရွက်ကို Lium ကို ပေးကာ
သူကတော့ စားနေကျ
vegetable salad နဲ့ steak
တစ်ပွဲ အပြင် ကင်းမွန် အစပ်ကြော်ပါ မှာလိုက်သေးသည်။

juice အနေနဲ့ကတော့ lemon
ပဲရွေးလိုက်သည်။

အအီလည်းပြေသလို
အစာချေအားလည်းကောင်းတာကြောင့် lemon က အသင့်တော်ဆုံးပင် ။

Lium ကတော့
pasta carbonara တစ်ပွဲနဲ့
mashroom soup တစ်ပွဲ အပြင်
သောက်
စရာအဖြစ် ဝိုင်နီ တစ်လုံးကို
မှာလိုက်သည် ။

" Sean , မင်းအဆင်ပြေရဲ့လား ။ "

ဖုန်းကို တကြည့်ကြည့် ဖြစ်နေတဲ့
ရှောင်ကျန့်ကြောင့် Lium က
စိတ်ပူစွာ မေးရှာသည် ။

ရှောင်ကျန့် ဝမ့် ဆီက
ဖုန်းကို မျှော်နေတာဖြစ်သည် ။

Hawaii ရောက်ပြီးကတည်းက
တစ်ခါသာခေါ်ကာ
မဆက်သွယ်လာသည်မှာ နှစ်ရက် ရှိပြီ ။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now