|| 16 ||

5.7K 503 31
                                    

#  U & Z

နာကျင်ရတဲ့ အချစ်ကို နှလုံးသားတစ်ခုလုံး
သွေးစိမ်းရှင်ရှင်အကျခံပြီး ရွှေးချယ်မယ့်အစား
လွှတ်ချတတ်ဖို့ ကြိုးစားကြည့်ပါ ။
ခက်ခဲမယ်ဆိုပေမဲ့ နေတတ်သွားတဲ့တစ်နေ့တော့
မင်း အရင်ကထက်လွတ်လပ်
ပျော်ရွှင်သွားရမှာပါ ။ ❞

~~~~~~~~~~~~~~~

အကယ်၍ ထိုနေ့က Lium သာ
ရောက်မလာခဲ့ရင် ရှောင်ကျန့် ဆိုတာ
လူမသိသူမသိ အခန်းထဲ
ပျောက်ကွယ်သွားရမည်ထင်သည်။

စိတ်အတက်အကျလွယ်တဲ့သူ့စိတ်ကြောင့်
ဒီနှစ်တွေအတွင်း sucide
ကိုဘယ်နှစ်ကြိမ်တောင် လုပ်ခဲ့မိသလဲ ။

ရှောင်ကျန့်က တကယ် ရူးနေပြီထင်ပါရဲ့။

Lium အမေက Nurse လုပ်ခဲ့ဖူးတာမို့ Lium က
ရှေးဦးသူနာပြုနည်းလောက်ကတော့
နောကျေနေပြီဖြစ်တယ် ။

ထိုနေ့ကလည်း သွေးတိတ်အောင်
Lium ကိုယ်တိုင်ပဲ လုပ်ပေးခဲ့တာဖြစ်သည် 

ငါ့ရဲ့ တစ်ဖတ်သတ် အချစ်တွေက
ရပ်တန့်ပြစ်လိုက်ချိန်တန်ပြီ ထင်ပါရဲ့ ဝမ် ။

အချိန်တန် ကိုယ့်ဆီကထွက်ခွာသွားမဲ့သူကို
အရူးလိုဆွဲထားမိတာ လွှတ်ချ ချိန်တန်ပါပြီ။


ဆက်ပြီး မမိုက်မဲချင်တော့ဘူး ။ငါက
အချစ်ခံချင်ရုံလေးတင်ပါ ။

ငယ်ငယ်တည်းက မေတ္တာငတ်ခဲ့ရတာမို့
ဘဝမှာ မေမေပြီးရင် ငါ့အပေါ် ပထမဆုံး
ကောင်းပေးခဲ့သူကို တွယ်တာမိခဲ့တာ
ငါသိပ်များမှားသွားသလား။



မင်းကတော့ မှတ်မိမှာမဟုတ်ပေမဲ့
မင်းပေးထားခဲ့တဲ့ သကြားလုံးလေးကို
မစားရက်ဘဲ ခုထိ သိမ်းထားမိနေတုန်း ။


အဲ့နေ့က ငါမင်းကို ထီးမမိုးပေးခဲ့သင့်ဘူး ဝမ် ။

အဲ့နေ့က ငါ...မင်းနဲ့ မဆုံတွေ့ခဲ့သင့်ဘူး ။

နာကျင်ခံစားရမဲ့ ရေစက်ဆိုးအစက
သိပ်ကိုလှပနေလွန်းခဲ့တော့ ငါ ရူးသွပ်ခဲ့မိတာပါ ။

" Sean, condo ကို ရောက်ပြီ ။
ကိုယ်
အထဲကို လိုက်ပို့ပေးရအုံးမလား ။ "

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now