|| 19 ||

6.2K 484 12
                                    

#  U & Z


ဒီရက်ပိုင်း ရှောင်ကျန့်အနားမှာ မျှော့လို ကပ်နေတဲ့
ရှောင်ဟန်နဲ့ Lium နဲ့က
အမြဲလိုလို တကျက်ကျက် ။

ရှောင်ကျန့် ဝမ်ရိပေါ် မရှိလည်းပဲ
ပျော်အောင်နေတတ်နေပြီ ။
မလွမ်းမိအောင် ကြိုးစားနေနေတယ် ။

လွမ်းစရာရှိနေရင်တောင် တစ်ချိန်က
သူပြစ်ပြစ်ခါခါ
ပြုမူခဲ့တဲ့ အပြုအမူတွေ ၊ တစ်စုံတစ်ယောက်ရဲ့
အစားထိုးခံ ဖြစ်ခဲ့ရတဲ့ သူ့ဘဝကို
သူပြန်စဥ်းစား မိတော့ ဟက်ခနဲ ရယ်လိုက်မိတယ်။


နာကျင်လာတဲ့ နှလုံးသားကိုလည်း ယုယ
မနေချင်တော့ဘူး။

ပေးအပ်ခဲ့သူ ပိုင်ရှင်ကိုယ်တိုင်က အလိုမရှိခဲ့တာပဲ ။

" ယား.... ရှောင်ဟန် မင်း.... ရုံးမတက်ရဘူးလား ။
ဖေဖေ က အသက်ကြီးနေပြီ
နည်းနည်းပါးပါး
အသိစိတ်လေးရှိပါတော့။ "

သူ့ခါးကို လာဖက်တဲ့
ရှောင်ဟန်ရဲ့ လက်တွေကိုဖြုတ်ချကာ
ဆူအောင့်အောင့်ပြောလိုက်တော့
ရယ်ကျဲကျဲ နဲ့ ပြန်ဖြေလာသည့််
အဖြေကရိက်သတ်ချင်စရာ ။

" ကျန့်ကိုပဲ အမြဲတွေ့ချင်နေတာ
ဘာ်လိုလုပ် အလုပ်မှာ အာရုံဘယ် ရမလဲတဲ့ "

" ချီးစ်... ရှောင်း ရှောင်ဟန် မင်းက
တကယ့်ချီးထုပ်ပဲ ။ မင်းငါ့ကို မမုန်းဘူးလား ၊
ငါကတော့ မင်းကို မုန်းတယ် ။ "

အမြဲလိုလို ကြားနေကျ
စကားဖြစ်နေပေမဲ့ ကြားလိုက်တိုင်း
နာကျင်
စေတာက သူ့ဆီက အမုန်းစကား ။

" mommy, ကြောင့်မလား ။ သူ့အစား
ကျွန်တော်ကပဲ တောင်းပန်ပါတယ် ။
ကျန့် သိပ်နာကျင်ရတယ်မလား ။ အဲ့တုန်းကလေ "

" အင်း... ခဏနေ Lium ပြန်လာရင်
ငါအပြင်သွားတယ်လို့ပြောလိုက်။
ညလယ်စာ ဗိုက်ထဆာရင်
စားဖို့ mini mart မှာ
Snacks လေးတွေ သွားဝယ်မလို့။ "

ရှောင်ကျန့် ဖုန်း cover ထဲ card ထည့်လိုက်ကာ
ညနေစောင်းပြီမို့ အပေါ်ထည် အပါးလေး
ဝတ်လိုက်ကာ ထွက်လာခဲ့လိုက်တယ် ။

~~~~~~~~~~~~~~~~~~~~~

Mini mart က လမ်းထိပ်နားလောက်မှာမို့
ရှောင်ကျန့် လေညှင်းခံရင်း
လမ်းလျှောက် နေရတဲ့ခံစားချက်က
တကယ့်ကို အေးချမ်းပြီးစိတ်ငြိမ်စေတယ်။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Место, где живут истории. Откройте их для себя