|| 12 ||

5.5K 440 17
                                    

# U & Z

"ရှောင်ကျန့်... ရှောင်ကျန့် ။
ကျစ်! ကျုပ်ကို စိတ်ပူအောင်
မလုပ်စမ်းပါနဲ့ဗျာ ။
ရှောင်ကျန့် ခင်ဗျား ဘယ်မှာလဲ ။ "

ဝမ်မိသားစုရဲ့
အိမ်တော်ဟောင်းကိုရောက်လာတာနဲ့
သူခြေလှမ်းတွေက
အောက်ထပ်က မြေအောက်ခန်းဆီ ။

ရင်ထဲမှာလည်း အပူလှိုင်းတွေ ဖြတ်ပြီး
တစ်ခုခုဆုံးရှုံးရမှာ ကြောက်နေတဲ့
ခံစားချက်မျိုး ။

သူ့ဘဝရဲ့ အရေးကြီးဆုံးအရာတစ်ခုကို
လက်လွှတ်ဆုံးရှုံးရမယ့် စိတ်မျိုး ။

ပိတ်ပိန်းအောင် မှောင်နေတဲ့
အခန်းကြောင့် မီးခလုတ်ကိုနှိပ်လိုက်ပေမဲ့
ပွင့်မလာ ။

ကျစ်!

ထိုစဥ် မြင်လိုက်ရတာက
အခန်းထောင့်လေးမှာ လဲကျနေတဲ့ ရှောင်ကျန့် ။

ပြေးထူကာ တကြော်ကြော်
အော်ခေါ်နေပေမဲ့ ချွေးတွေ စိုရွှဲကာ
အေးစက်နေတဲ့ ရှောင်ကျန့် ။

ရင်ထဲ ထိတ်ကနဲပဲ ။
နှာခေါင်းဝကို စမ်းကြည့်တော့
အသက်ဖျင်းဖျင်း ရူနေသေးသည်။

ရင်ထဲ တစ်စို့နေတဲ့ ခံစားချက်ကြီးက
ပြေလျော့သွားသလိုပဲ ။

ပွေ့ချီကာ အိမ်ရှေ့ ဆင်ဝင်အောက်က
ကားပေါ် အလော​သောပါး တင်ကာ
နီးစပ်ရာဆေးရုံကို ။

ခင်ဗျား ဘာမှဖြစ်လို့မရဘူး ရှောင်ကျန့် ။

ကျုပ်ခွင့်မပြုဘူး ။ လုံးဝပဲ ။


LET ME DOWN SLOWLY

" သူ့ကို ခုချက်ချင်း
သတိရအောင်လုပ်ပေး ။
မဟုတ်လို့ကတော့ ခင်ဗျား
ဆေးရုံတစ်ခုလုံး ပြာချပြစ်မယ် ။
တောက်စ်! "

" ကျွန်တော်ဘက်က
အတတ်နိုင်ဆုံး ကုသပေးပါမယ် ။
စိတ်မပူပါနဲ့ Mr. Wang ။
စိတ်အေးအေးထားပြီး ထိုင်ခုံမှာ
ထိုင်နေပါလား ။"

"ကျုပ်ကို အမိန့်လာမပေးနဲ့ ။
သူ့ကိုသာ အကောင်းပကတိ
ဖြစ်အောင်ပြန်လုပ်ပေး ။"

" စိတ်ချပါ ။ စိတ်ချပါ "

ဂျူတီကုတ် အဖြူနဲ့ ဆေးရုံအုပ်ကြီးကို
အော်ငေါက်နေတဲ့ ခပ်ချောချော အမျိုးသား
မျက်နှာမှာ စိုးရိမ်ပူပန်နေမှု့တွေက
အထင်းသားပေါ်လွင်နေသည် ။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now