|| 3 ||

6.6K 560 23
                                    

# U & Z

နောက်ဆုံးတော့လည်း နာနာကျင်ကျင်နဲ့
သူဆုပ်ကိုင်ထားတဲ့ အမှတ်တရ
လေးတွေကို သူမစွန့်လွှတ်နိုင်ခဲ့ဘူး ။

ရင်ဘတ်ကြီး တစ်ခုလုံးပေါက်ထွက်သွားအောင် နာကျင်နေစေအုံးတော့
သူမှာ ရင်ဖွင့်ပြသစရာ
ယုံကြည်အားကိုးရတဲ့သူမရှိ ။

ဘတစ်ပြန် ကျားတစ်ပြန် ဖြစ်နေတဲ့
ဒီစီးပွားရေလောကထဲ 
ခုလို နေရာတစ်ခု မှာ ရပ်တည်နိုင်ဖို့
လူအောက်ကျ လည်း လူပိမသေပါဘူး
ဆိုတဲ့ စကားတစ်ခွန်းနဲ့ ဖိနှိပ်မှု့တွေကို
တောင့်ခံခဲ့တာ ။

သူ့ကိုပင်ပန်းနေပြီလားလို့ လာမေးရင်
သူသိပ်ပင်ပန်းနေပါပြီ ။

အဆင်ပြေလားလို့ မေးရင်....
ဟင့်အင်း... တကယ်ကြီးကို
သူအဆင်ပြေမနေပါဘူး ။

ဒါပေမဲ့ အရေးတယူလုပ်ပြီး
မေးမဲ့သူမရှိတော့လည်း
ဘာဆန်းသလဲ....
ရင်ထဲ ကျိတ်ခံစားလိုက်ရုံပေါ့ ။


ဖုန်း screen ပေါ်က အဝင် call
လေးကိုကြည့်ကာ သူ့မှာ
အသက်မဲ့လျက် ။

ထိုကောင်လေးဟာ
သူ့ကိုဖုန်းပြန်ခေါ်ပါသတဲ့ ။

အရှက်တရားမဲ့စွာပင်
ဖုန်းလေးကို
ပထမအခေါက်မှာတင်
ကိုင်လိုက်မိသည် ။

.....

" ခင်ဗျား ဖုန်းခေါ်ထားတာလား
ရှောင်ကျန့်။ "

" ဝမ်... ကိုယ်မင်း ကိုသတိရနေတာ "

တကယ်ပါ သူထိုကောင်လေး
အသံကို ကြားချင်နေခဲ့တာ ။
သူ့ရဲ့ ဂျစ်ကန်ကန်
ကောင်လေးကိုပေါ့ ။

" အဟွန့်....ခင်ဗျားကတော့
အပိုတွေလုပ်ပြီ ။
ထားတော့ ဖုန်းခေါ်တာ
ဘာကိစ္စလဲ ။  အလုပ်က အရေးကြီးလို့ "

အလုပ်တဲ့လား
မိန်းမတစ်ယောက်နဲ့ hotel တစ်ခုမှာ
အတူရှိနေတာက အလုပ်တဲ့လား
ဝမ်.....။

" ချစ်တယ်...ကိုယ်မင်းကို ချစ်တာ
သိတယ်မလား ဝမ် "

" ဟာသတွေ "

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Hikayelerin yaşadığı yer. Şimdi keşfedin