|| 10 ||

5.9K 485 16
                                    

# U & Z

A / N

# asshole ပါ ။ ကြိုပြောထားပါတယ်
ဝမ်က asshole ပါလို့ ။ အသုံးအနှုန်း
ရိုင်းစိုင်းတာတွေ ရှိလာနိုင်သေးလို့
Sst သမားတွေက
လှည့်ပြန်သွားလို့ရပါတယ်။
ပြီးမှ အကြီးကြီးတွေ ထမလုပ်လိုက်ပါနဲ့ ။
ဆဲလို့ရပါတယ် cha တွေကိုယ်စား
ကိုယ်ကပဲ အဆဲခံပါ့မယ်။ အလွန့်အကျွံ
မဖြစ်ရင် ရပါပြီ ။

Thanks you 💛


" Lium ငါဘာသာ
တစ်ယောက်တည်း
သွားလည်းဖြစ်ပါတယ် ။
Elevator ပဲ စီးသွားမှာမို့ စိတ်မပူပါနဲ့... ။ "

ကွန်ဒိုရှေ့ထိ လိုက်ပို့ကာ
အထဲကိုလည်း လိုက်ပို့မယ်
တကဲကဲလုပ်နေတဲ့ Lium
ကြောင့်ရှောင်ကျန့်မှာ ရင်တထိတ်ထိတ် ။

မတော်လို့ ဝမ် သာ ရောက်နေခဲ့ရင် ။

မပက်သက်ဖို့ ပြောထားပါလျက်နဲ့
အိမ်ထိသာရောက်လာခဲ့လျှင် ။

ထိုကောင်လေးရဲ့ ဒေါသနဲ့ Lium ပဲ
ဟိုနေ့ကလို အထိုးခံရအုံးမှာ ဖြစ်သည်။

" ဘယ်လော​မှလည်း
မဝေးတော့တာပဲ ။
ကိုယ်ပဲ လိုက်ပို့ပေးပါ့မယ် ။ "

" မင်းပင်ပန်းနေပြီလေ ။
ငါ့ကို တစ်ပတ်လုံး ဆေးရုံမှာ ပြုစုနေရတာ ။
ပြန်ပါ... လိမ်မာတယ်နော်...
နောက်နေ့မှ မုန့်ပြန်ဝယ်ကျွေးမယ် ဟီး ! "

အတင်းတွေ သူ့ကို ကားထဲထိုးထည့်ကာ
ရယ်ပြလာသည့် Sean ။

ခလေးကလား စကားတွေနဲ့ ခုထိ
ခလေးစိတ် ပျောက်သေးပုံမပေါ် ။

သက်သက်မဲ့ လူကို အူယားအောင်
လုပ်ပြနေတာ ။

" အင်းပါ... ။ bye bye နော်... ။.
ဆေးသောက်ဖို့လည်းမမေ့နဲ့နော် ။
နောက်နေ့မှ ထပ်လာခဲ့မယ် ။ "

ရှောင်ကျန့် ပြီးပြီးရော...
အင်းလို့ ပြောလိုက်ကာ လက်ထဲက
အထုပ်အနည်း
အကျဥ်းကို ဆွဲပြီး Lium ထွက်သွားတာ
သေချာမှ တက်လာခဲ့လိုက်တယ် ။

ဝရန်တာကနေ ​ထိုမြင်ကွင်းကို အစအဆုံး
ကြည့်နေသူကလည်း
ဟက်ခနဲ တစ်ချက်ရယ်ကာ
အထဲကို ပြန်ဝင်လိုက်လာလိုက်သည်။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now