|| 4 ||

6K 560 25
                                    

# U & Z

A/ N

အခုမှ ဖတ်တဲ့သူတွေက
စာပြင်နေတာမို့
နည်းနည်း သည်းခံပေးပါ။
မီးက အချိန်တိုင်းပျက်နေတာမို့
wifi က power bank နဲ့
ရပေမဲ့ ဖုန်းကတော့
အားကုန်မှာစိုးရပါတယ်။

ရင်ကထက် ဖတ်လို့
အဆင်ပြေအောင်
ဖြည့်သင့်တာဖြည့်ပေးထားတာမို့
စာပိုချောမယ်ထင်ပါတယ်။

*****

ရှောင်ကျန့်ရဲ့ တစ်နေ့တာက
ရိုးရှင်းပါတယ် ။
မနက် 9 နာရီ ဆို သူရုံးကို
ရောက်ပြီ ။

နေ့လည်စာ စားချိန်ကတော့
သူ့အတွက် အတည်တကျ မရှိဘူး ၊
မစားခဲ့ရတဲ့ နေ့တွေတောင်
ရှိခဲ့သေးတာပဲ။
ည 8 နာရီ ဆို သူနဲ့ ကောင်လေးရဲ့
condo ကိုပြန်တယ် ။


သမားရိုးကျ လည်ပတ်နေတဲ့
တစ်နေ့တာပါပဲ ။
ပိုပြီး ထူးခြားလာတာမရှိ ။

သူအမြဲ မျှော်နေတတ်တဲ့
ကောင်လေးကတော့ တစ်လနေမှ
တစ်ခေါက်ပင် လာရောက်ခြင်းမရှိ ။

အချိန်တန်လို့ ကောင်လေး
ချစ်ရသူသာ ပြန်ရောက်လာခဲ့ရင်....
ဆိုတဲ့ အတွေးတွေ
သူတကယ်မတွေးချင်ပါ ။

လက်ရှိ အချိန်ကလေးမှာ သူ
ထိုကောင်လေးကို ချစ်နိုင်သလောက်
ချစ်ပေးချင်သည် ။
မြတ်နိုးပေးချင်သည် ။

သူ့မေတ္တာ တွေ ရောင်ပြန်မဟပ်ခဲ့တောင် ကောင်လေးကို သူတကယ်ချစ်တယ်
ဆိုတာတော့
သိစေချင်သည်။


* ဒေါက် * * ဒေါက် *


" ဝင်ခဲ့ "


တံခါးခေါက်သံကြောင့်
သူ့အတွေးအာရုံအစုံက ပစ္စုပ္ပန် ကို
ရောက်ရှိလာရသည် ။
ဝင်လာသည်က ရိရန်... ။

" ရိရန်... ဘာကိစ္စရှိလို့ လဲ "

" boss ရှေ့မှာ... ဧည့်သည်ရောက်နေတယ် boss နဲ့ တွေ့ချင်လို့လို့ ပြောပါတယ် "

" ဒီနေ့ ကိုယ့် schedule က မရှိတော့ဘူးမဟုတ်လား "

" ဟုတ်ပါတယ် ဒါပေမဲ့ သူက "

ရှောင်ကျန့် ရိရန် စကားကြောင့်
နည်းနည်း တွေးတွေး စစ လေးဖြစ်သွား
ရသည်။ ဘယ်သူများပါလိမ့် ။

ʟᴇᴛ ᴍᴇ ᴅᴏᴡɴ ꜱʟᴏᴡʟʏ ( Completed )Where stories live. Discover now