အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။

Start from the beginning
                                    

စုယန် "......"

ကောင်းပြီ။ နောက်ဆုံးတော့လည်း မင်းက ဒီနေရာရဲ့ ဘောစ့်ပါပဲ။

ထို့ကြောင့် စုယန်သည် လေ့ကျင့်ရေးကွင်းသို့သွားပြီး စတင်လှုပ်ရှားရုံကလွဲလို့ အခြားရွေးချယ်စရာမရှိပေ။ သူသည် ဖမ်းမိသမျှလူတိုင်းကို စိန်ခေါ်ကာ ပွဲစဥ် တစ်ရာအား တတ်နိုင်သမျှအမြန်ဆုံးပြီးမြောက်ရန် ကြိုးစားနေရသည်။

အစပိုင်း သူ၏ပြိုင်ဘက်များသည် ကျောက်စိမ်း အိမ်‌တော်ထဲသို့ တစ်ချိန်တည်းဝင်ရောက်လာခဲ့ကြသော အတန်းဖော်များသာ ဖြစ်ကြသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်များ တိုးတက်လာသည်နှင့်အမျှ အကြီးတန်းတပည့်များဖြစ်သော မော့ရှစ်ရှုံး၊ လီရှစ်ကျဲနှင့် တိလင်းတို့နှင့်ပါ တိုက်ခိုက်လာရ တော့သည်။

သိုင်းပညာလေ့ကျင့်မှုသည် ငြီးငွေ့ဖွယ်မရှိဘဲ အချိန်များသာ တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သည်။

နွေရာသီကုန်လွန်ပြီး၍ ဆောင်းဦးရာသီလည်း ကျော်လွန်လာခဲ့လေပြီ။

စုယန်သည် 'ရေခဲကိုးလွှာပွင့်လန်းခြင်း'၏ ဆဌမ အတွဲကို ကျော်ဖြတ်နိုင်ခဲ့ပြီး ရှေးဟောင်းဓားသိုင်း စာအုပ်ဖြစ်သော 'ပန်းပျံဝဲဓားပညာ'ကို အနန္တ အသိပညာစံအိမ်တွင် တွေ့ရှိခဲ့သည်။ ထို့နောက် သူသည် လေ့ကျင့်ရေးကွင်းတွင် လီရှစ်ကျဲနှင့် သရေကျအောင် တိုက်ခိုက်နိုင်ခဲ့လေသည်။

တစ်နေ့တွင် စိမ်းမြရောင်ငှက်ငယ်သည် ကုဖေးတိ၏ စံနှုန်းအကြောင်း ရှစ်ဇွင်းရေးသားထားသော စာတစ်စောင်ကို သယ်ဆောင်လာပေးလေသည်။ ကုဖေးတိသည် 'အနီရောင်ဇာမဏီငှက်မွှေးသစ်ပင်'ကို လေ့ကျင့်နေစဉ် ၎င်း၏အနှစ်သာရကို နားလည် သဘောပေါက်သွားပြီး သူ၏ 'စစ်မှန်သော သိမ်းငှက်ဓား'အား အဆင့်မြှင့်တင်နိုင်ခဲ့သည် ဟူ၍ဖြစ်သည်။

ဆောင်းရာသီကုန်ဆုံးပြီးနောက် နွေဦးသို့ တဖန်ပြန်လည် ရောက်ရှိလာခဲ့သည်။

စုယန်သည် 'ရေခဲကိုးလွှာပွင့်လန်းခြင်း'၏ အဋ္ဌမအတွဲကို ဖြတ်ကျော်နိုင်ခဲ့သည်။ ထို့အပြင် သူ၏ ပျော့ပြောင်းသောဓားနှင့် သူ၏စိတ်ကြိုက်အက 'ယစ်မူး‌နေသောကြာပွတ်'ကို ပေါင်းစပ်နိုင်ခဲ့ပြီး 'ဇီးပင်နီအားယစ်မူးစွာခုတ်ထစ်ခြင်း'ဟူသော ကိုယ်ပိုင်ဓားပညာကို ဖန်တီးနိုင်ခဲ့သည်။ ထို့နောက် မက်မွန်ပွင့်များ ပထမဆုံးပွင့်လန်းချိန်တွင် မော့ရှစ်ရှုံးကို အနိုင်ယူနိုင်ခဲ့လေသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now