အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။

Start from the beginning
                                    

နေနဲ့လ တလှည့်စီ ကူးပြောင်းရင်း အချိန်များသည် တိတ်ဆိတ်လျှင်မြန်စွာ ကုန်ဆုံးသွားလေတော့သည်။

နွေဦးသက်ဝင်ဥယျာဉ်တွင် ဇီးသီးပွင့်များ ပွင့်လန်း ပြီးနောက် တဖန်ပြန်လည် ခြောက်သွေ့သွားခဲ့သည်။ မက်မွန်သီးနှင့် သစ်တော်သီးများသည်လည်း တစ်ခုပြီးတစ်ခု ညှိုးနွမ်းသွားကာ နောက်ဆုံးတွင် ခရမ်းနုရောင်ပန်းများ တစ်ဖန်ပြန်လည် ပွင့်လန်းလာခဲ့လေသည်။

ယခုနှစ် နွေရာသီသည် အနည်းငယ်စောစွာ
ဝင်‌ရောက်လာပုံရပြီး ဝင်းငယ်ရှိ ကြာပန်းများသည် ယခုအချိန်တွင် အနည်းငယ် ပွင့်လန်းနေပြီဖြစ်သည်။ စုယန် 'ရေခဲကိုးလွှာပွင့်လန်းခြင်း'၏ ပဉ္စမအတွဲကို အောင်မြင်မှုရသည့်နေ့သည် လွန်ခဲ့သည့်နှစ်က သူ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခဲ့သည့်နေ့နှင့် တိုက်ဆိုင်ပေသည်။

ထိုမှသာလျှင် သူ့မွေးနေ့ကို လွတ်သွားပြီဖြစ်ကြောင်း သိလိုက်ရလေသည်။ လပြက္ခဒိန်အရ သူ၏မွေးနေ့သည် လွန်ခဲ့သော ခြောက်ရက်ကတည်းက ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

ဇာတ်ညွှန်းအပြင်ရှိ သူ့အသက်အမှန်ကို တွက်ကြည့်မည် ဆိုလျှင် သူ့အသက်သည် နှစ်ဆယ့်နှစ်,နှစ်ရှိပြီဖြစ်သည်။ သို့သော်ဇာတ်ညွှန်းထဲမှာတော့ သူသည် အသက် ဆယ့်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်သာ ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ အသက်အရွယ်က အရေးမကြီး ပါချေ။ အမှန်တကယ် အရေးကြီးသည်မှာ သူ ပဉ္စမအတွဲကို ဖြတ်ကျော်ပြီးသည့်နေ့၌ ရှစ်ဇွင်းသည် စိမ်းမြရောင် ငှက်ငယ်လေးကို စေလွှတ်ခဲ့ပြီး သူ့အား တံခါးပိတ်ကျင့်ခြင်းမှ ကန်ထုတ်လိုက်လေသည်။

ယခုတစ်ကြိမ်၌ ရှစ်ဇွင်းသည် အတန်းဖော်များနှင့် လိုက်လျောညီထွေမနေဘဲ စည်းလုံးညီညွတ်မှုကင်းပြီး တံခါးပိတ်ကျင့်ခြင်းကိုသာ နှစ်သက်သော သူ့အား ပြစ်ဒဏ်ခတ်ခဲ့လေသည်။

--- ယနေ့မှ၍ သူသည် လေ့ကျင့်ရေးကွင်းသို့ နေ့တိုင်း သွားရောက်ရမည်ဖြစ်ပြီး ရှစ်ရှုံး၊ ရှစ်ကျဲများနှင့် တစ်နေ့လျှင် သုံးကြိမ် တိုက်ခိုက်ရပေမည်။ အနိုင်ရသည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ပွဲစဉ်တစ်ရာကို စိတ်အားထက်သန်စွာ တိုက်ခိုက်ပြီးမှသာ နောက်တစ်ကြိမ် တံခါးပိတ်ကျင့်နိုင်မည် ဖြစ်ပေသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now