အားမင်အားမြင်သည်နှင့်ကလေးတစ်ချို့မှာကြောက်ရွံ့သွားပြီးတစ်ကိုယ်လုံးအားကိုင်၍တုန်ရီနေကြသည်။အားမင်ဟာထိုကလေးတွေကိုဂရုစိုက်ခြင်းလုံးဝမရှိပဲသူ့လက်ထဲရှိသတိမေ့နေသောကလေးအားကြမ်းပြင်ပေါ်၌ဒီအတိုင်းပြစ်ချခဲ့ကာထွက်ခွာသွား၍တံခါးပြန်ပိတ်လိုက်သည်။

ခဏမျှကြာအောင်တိတ်ဆိတ်နေပြီးနောက်ကလေးတစ်ချို့မှာကြမ်းပြင်ပေါ်၌မေ့လဲနေသည့်ကလေးငယ်လေးနားကပ်သွားကြသည်။

သို့သော်.........
မီးခိုးရောင်ဖြင့်အန္တရာယ်ရှိသောမျက်ဝန်းတစ်စုံသည်မေ့လဲနေသည့်ကလေးငယ်လေးအားဆွဲယူ၍အနားကပ်လာသည့်ကလေးတစ်ချို့အားစိုက်ကြည့်လာသည်။

ကလေးများမှာချက်ချင်းထိတ်လန့်သွားပြီးနံရံအနားသို့သာပြန်လည်ဆုတ်ခွာ၍ကြောက်လန့်စွာတစ်ဆတ်ဆတ်တုန်ရီနေကြသည်။

မီးခိုးရောင်မျက်ဝန်းပိုင်ရှင်ကလေးငယ်လေးသည်သတိမေ့နေသည့်ကလေးလေးအားသူ့ရင်ခွင်အတွင်း၌ပွေ့ပိုက်၍သူ့ရဲ့သေးငယ်သည့်လက်လေးတွေဖြင့်ပန်းရောင်ဖျော့ဖျော့ဆံပင်လေးတွေအားပွတ်သပ်လိုက်သည်။ချက်ချင်းပင်သူ့ရဲ့မီးခိုးရောင်မျက်ဝန်းတစ်စုံ၌အန္တရာယ်အရိပ်အယောင်များမှာလျော့ကျသွားပြီးနူးညံ့နွေးထွေးလာခဲ့သည်။

________________________________________________________________

"ကိုကိုဘယ်မှာလဲ!!!!!!ပြန်ခေါ်လာပေး!!!!!
ကိုကို့ကိုပြန်ခေါ်လာပေးလို့!!!!!!မြန်မြန်!!မြန်မြန်!!ကိုကို့ကိုသွားရှာပေး!!!!မဟုတ်ဘူး....မဟုတ်ဘူး.....ငါကိုယ်တိုင်.....ငါကိုယ်တိုင်ကိုကို့ကိုသွားရှာမယ်!!!!!!"

ရိမားသည်အခန်းအတွင်းရှိသူမသားလေး၏အခြေအနေကိုကြည့်ရင်းသူမ၏နှလုံးမှာအောင့်တတ်လာသည်။ရိမင်လေးသည်ရှောင်ကျန့်ပျောက်သွားသည်အားသတိထားမိသည်နှင့်အရူးတစ်ယောက်ကဲ့သို့တွေ့ကရာအကုန်ဖျက်ဆီးလာခဲ့သည်။

သူမမှာလည်းအငယ်ကောင်လေးကျန့်ရင်ပျောက်ဆုံးသွားသည်ဟုကြားရစဥ်ကနှလုံးခုန်ရပ်မတတ်ကြောက်လန့်သွားခဲ့သလိုသူမသားငယ်လေး၏ယခုလိုအခြေအနေကြောင့်သူမ၏နှလုံးရောဂါအခြေအနေမှာပိုမိုဆိုးဝါးလာခဲ့သည်။

system 091 Nơi câu chuyện tồn tại. Hãy khám phá bây giờ