ရှောင်ကျန့်နှင့်ကျန့်နင်လေးသည်စာသင်ချိန်ကိုပျော်ရွှင်စွာဖြတ်သန်းရင်းနေ့လည်စာစားချိန်သို့ကျရောက်လာသည်။

ရှောင်ကျန့်သည်သူ့ပစ္စည်းလေးတွေကိုလွယ်အိတ်ထဲထည့်သိမ်းနေ၏။ရုတ်တရတ်အခန်းအရှေ့၌ကလေးတစ်အုပ်၏တစ်တွတ်တွတ်အသံကိုကြားလိုက်ရတာကြောင့်ရှောင်ကျန့်သိချင်စိတ်ဖြစ်မိသွားသည်။

သူသွားကြည့်မိလိုက်တော့ကလေးအုပ်စုကြားထဲ၌ရောက်နေသည့်ရိမင်.....

ရိမင်၏သေးငယ်သောမျက်နှာလေးဟာအမူအရာမဲ့တင်းမာနေပြီးသူ့ရဲ့ချစ်စဖွယ်ကောင်းမှုကြောင့်သဘောကျနေသည့်ကလေးတစ်သိုက်အားလျစ်လျူရှု့ထားသည်။

ရိမင်ကရှောင်ကျန့်တို့ထက်နှစ်နှစ်မျှအသက်ငယ်တာကြောင့်အတန်းမတူချေ။ရိမင်ကလည်းဤသည်ကိုလုံးဝမကျေနပ်ပေ။

သူမရှိတုန်းသူ့ကိုကို,ကိုတစ်ယောက်ယောက်ခိုးသွားရင်ဘယ်လိုလုပ်မလဲ။

ကျန့်နင်ဟာလည်းသူ့ပစ္စည်းတွေသေချာသိမ်းပြီးသည်နှင့်ရှောင်ကျန့်နားကပ်လာသည်။

"ရိမင်"

ရိမင်၏မူကခက်ထန်နေသောချစ်စဖွယ်မျက်နှာသေးသေးလေးမှာရှောင်ကျန့်အသံကြားသည်နှင့်ချက်ချင်းအရည်ပျော်သွားကာပြုံးရွှင်သွားသည်။

ရိမင်ဟာရှောင်ကျန့်ဆီချက်ချင်းပြေးဝင်လာပြီးရှောင်ကျန့်၏ခါးလေးအားဖက်တွယ်၍သူလွမ်းနေသည့်သူ့ကိုကိုရဲ့ကိုယ်သင်းနံ့ကိုတစ်ဝကြီးရှုရှိုက်လိုက်သည်။

"ကျွန်တော်ကကိုကို့ကိုလွမ်းနေတာ"

ရိမင်၏ချက်ချင်းပြောင်းလဲသွားပုံကြောင့်ဆွံ့အသွားသည့်ကလေးတစ်သိုက်သည်ရှောင်ကျန့်ကိုမြင်သည်နှင့်အံ့ဩတကြီးအနားသို့ဝိုင်းအုံလာပြန်သည်။

"ကျန့်ရင်....ဒါနင့်မောင်လေးလား"

"ဝါး.....ကျန့်ရင်.....နင့်မောင်လေးကအရမ်းချစ်ဖို့ကောင်းတာပဲ"

"ကျန့်ရင်နဲ့ကျန့်နင်လည်းချစ်ဖို့ကောင်းပါတယ်နော်"

"ဟုတ်တယ်.....ဟုတ်တယ်....ဟီးဟီး....
နင်တို့မောင်နှမသုံးယောက်လုံးက
အရမ်းမိုက်တာပဲ"

system 091 Tempat cerita menjadi hidup. Temukan sekarang