"အင်း ဟုတ်တယ်၊
ငါနန်းတော်ထဲမှာမနေဘဲ အပြင်ခိုးခိုးထွက်တဲ့အကြောင်းအရင်းက ဒါကြောင့်လဲပါတယ် ဟဲဟဲ "

"ဟောက်ရွှမ်း....ဟောက်ရွှမ်း၊
ဟို ငှက်ပျောအူတုံးမှာ ထိုးထားတဲ့ နီနီသီးအချောင်းလေးတွေ ဘာလဲဟင်"

"အဲ့တာက သစ်သီးချိုချဥ်ချောင်းလေ 
ချိုပီးတော့အရမ်းအရသာရှိတာပဲ စားကြည့်ချင်လား"

"ငါ...ငါအရမ်းစားချင်တယ်၊ဒါမဲ့ငါ့မှာလေ ပိုက်ပိုက်မရှိဘူးရယ်"

"ဟား ဟား သနားစရာပဲကွာ ငါ့သယ်ရင်းလေးရယ်၊ငါဝယ်ကျွေးပါ့မယ်
ဦးလေးကြီးစုန့် ကျွန်တော့ကို ဒီအသီးချောင်း နှစ်ချောင်းပေးပါ"

"အင်း ရော့ ၊ဒါနဲ့မင်း ကိုခုမှပဲတွေ့တော့တယ်နော် ပျောက်နေလိုက်တာကွာ၊
အိမ်ကသားငယ်တောင်မင်းကိုမေးနေသေးတယ်"

"ဟုတ်လား
ကျွန်တော်လဲ ဒီကြားထဲမှာအလုပ်တွေများနေလို့ မအားဘူးရယ်
ကျိရန်ကိုလဲသတိရတယ်လို့ပြောပေးပါအုံး
ဦးလေးစုန့်"

"အင်းပါကွာ အဖြစ်သဲနေလိုက်ကြတာ"

ဦးလေးစုန့်ဆိုသည့်လူကြီးဟာ ပြုံးစိစိနှင့်ပြန်ဖြေသည်။
ဟောက်ရွှမ်းနဲ့သူ့သားကြားမှာ တစ်ခုခုတော့တစ်ခုခုပဲ,
ရှောင်ကျန့်ဟာ ဟောက်ရွှမ်းပေးသည့် အသီးတုတ်ချောင်းအား အရသာခံကာကိုက်စားရင်း အခြေအနေကိုအကဲခတ်နေ၏။

"ဘယ်လိုလဲ ဟိုကောင်၊အရသာရှိတယ်မို့လား ငါကအချိုသိပ်မကြိုက်ပေမဲ့ခနခနဝယ်စားဖြစ်တယ်"

"အွင်းးး အရမ်းအရသာရှိတယ် ဒီနှစ်ခုစလုံးငါ့ကိုကျွေးနော်"

"ဟား ဟား
စားပါဗျာ ငါကအမြဲစားနေကျ"

"ဒါနဲလေ ဟောက်ရွှမ်း အိုက်ဦးလေးရီးရဲ့သားကဘူလဲဟင် ဂျီရန်ဆိုလား "

ရှောင်ကျန့်ဟာ အသီးတုတ်ချောင်းစလုံးအားပါးစပ်ထဲထိုးထည့်ပီးစားကာ ပလုံးပထွေးအသံကြီးဖြင့်
မေးလာသည်။

"ဂျီရန်မဟုတ်ပါဘူးကွ ကျိရန်ပါ ၊စုန့်ကျိရန်လေ "

"ဟုတ်ရား မင်းနဲ့အမျိုးတော်လား ၊ညီအစ်ကိုလား ဒါမှမဟုတ် ဟိုလိုလား"

"MY LOVE BABE"[ပေါင်ပေ့/ေပါင္ေပ့](Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ