ရှောင်ကျန့်သည်ရိမင်နှင့်အတူမျက်နှာသစ်သွားတိုက်ရင်းမနက်စာစားဖို့ရန်အတွက်အတူတကွအောက်ဆင်းလာခဲ့သည်။မနက်စာဝိုင်းတွင်ရိပါးသည်သတင်းစာဖတ်လျက်စောင့်နေပြီးရိမားသည်အိမ်ဖော်ကောင်မလေးများနှင့်အတူမနက်စာလုပ်ပေးနေသည်။ကျန့်နင်သည်လည်းရိမားကိုဝိုင်းကူပေးသည်။

"မနက်ဖြန်ဆိုရင်သားနဲ့သမီး
နှစ်ယောက်လုံးကျောင်းစတတ်
လို့ရပြီ....ဒီနေ့တော့ပတ်ဝန်းကျင်နဲ့
ရင်းနှီးအောင်တစ်ရက်လောက်
ဒီမှာပဲနေလိုက်ဦး....ကျောင်းအုပ်ကြီးကို
လည်းပါးအကုန်တိုင်ပင်ပြီးသွားပြီ....
အရမ်းစိတ်လှုပ်ရှားမနေနဲ့...ဟုတ်ပြီလား...
သူငယ်ချင်းအသစ်တွေအများကြီး
ရတော့မယ်လို့သာတွေးလိုက်....."

ရိပါးသည်အမွှာနှစ်ယောက်အားပြုံးရွှင်စွာပြော၏။အကြီးမလေးကျန့်နင်၏မျက်နှာမှာစိတ်လှုပ်ရှားသွားသကဲ့သို့ရှောင်ကျန့်တောင်မှပြုံးသွားခဲ့သည်။

သို့သော်ထိုစကားအဆုံး၌ရှောင်ကျန့်ဘေးရှိရိမင်လေးမျက်နှာပျက်သွားကြောင်းမည်သူမှသတိမထားမိလိုက်ကြပေ။

သူငယ်ချင်း........
ကိုကိုကသူငယ်ချင်းထားမှာလား.....

ရိမင်၏သေးငယ်နူးညံ့သောလက်သီးလေးတွေမှာတင်းကြပ်စွာလက်သီးဆုပ်ထားသည်မှာတိရိသေသပ်သည့်လက်သည်းလေးတွေတောင်အသားထဲစိုက်ဝင်လာသည်အထိပင်။

မဟုတ်ဘူး......
ကိုကိုသာသူငယ်ချင်းထားလိုက်
လို့သူ့ကိုဂရုမစိုက်တော့ရင်ဘယ်လို
လုပ်မလဲ.....

ရိမင်၏မျက်ဝန်းနက်လေးတွေထဲတွင်တဖြည်းဖြည်းရူးသွပ်မှုများပြင်းထန်လာသည်။

ရိမင်လေး၏မူမမှန်မှုကိုစတင်သတိထားမိသွားသူမှာရိမားကိုယ်တိုင်သာဖြစ်သည်။သူမစိတ်ပူသွားသည်။

"သားငယ်....အဆင်ပြေရဲ့လား"

လူတိုင်း၏အကြည့်မှာရိမင်ဆီသို့ကျရောက်လာသည်။ရိမင်လေးသည်မျက်လွှာချ၍သူ့မျက်ဝန်းထဲရှိရူးသွပ်မှုများကိုဖုံးကွယ်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး.....ဒီနေ့ကိုကိုသာအိမ်မှာတစ်နေကုန်နေရရင်ပျင်းနေမှာပဲလို့တွေးမိသွားလို့ပါ"

system 091 Where stories live. Discover now