အခန်း-၂၅.၂

Start from the beginning
                                    

ကုဖေးတိ "....."

ကုဖေးတိသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။

"မင်းလေ့ကျင့်နေတဲ့ စိတ်ပိုင်းဆိုင်ရာကျင့်စဥ်နဲ့ တစ်ခုခုတော့ သက်ဆိုင်နေလိမ့်မယ်။ 'မရဏပန်းခြောက်ပွင့်'နဲ့ 'ရေခဲကိုးလွှာပွင့်လန်းခြင်း' နှစ်ခုစလုံးက ချင်းဟန်ကျောင်းတော်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်စဥ်တွေ.. အဲဒါတွေကို ရေအေးနဲ့ပေါင်းစပ်လိုက်ရင် အေးခဲသွားတတ်တယ်"

စုယန် ရုတ်​တရက်​ ကျယ်​​လောင်​စွာ ရယ်မောလိုက်သည်။

ကုဖေးတိသည် မျက်နှာပျက်သွားပြီး ဒေါသတကြီးနဲ့ ပြောလာသည်။

"မင်းဘာရယ်တာလဲ"

စုယန်က ပြောလိုက်၏။

"ငါမင်းကို စော်ကားဖို့ မင်းရဲ့အဝတ်အစားတွေကို ချွတ်ခဲ့တာမဟုတ်ဘူးဆိုတာ ယုံပြီလား"

ကုဖေးတိက ခက်ထန်စွာ ပြန်ပြောလိုက်သည်။ "မင်းကိုဘယ်သူကယုံမှာလဲ!"

စုယန်က ဆိုသည်။

" 'နျဲ့ဖန်' အကြောင်းကို ငါမသိဘူး။ မင်းအသက် မရှူတာကိုတွေ့တာနဲ့ မင်းကိုကယ်တင်ဖို့ ငါ့ရဲ့ပထမဆုံး အတွေးက မင်းကိုလေပေးရမယ်ဆိုတာပဲ။ ငါ့ရဲ့ ရည်ရွယ်ချက်က ဘယ်လောက်ရိုးရှင်းလိုက်လဲ.. ဒါကို မင်းက နိုးလာပြီးတာနဲ့ ငါ့ကိုတန်းရိုက်တယ်။ ငါတကယ်​အသည်းကွဲ​‌နေပြီ"

ကုဖေးတိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စကားပြန်မပြောပေ။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် စုယန်က ပြုံးလိုက်သည်။

"မင်းငါ့ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ ထားလိုက်တော့မယ်။ ဘာပဲဖြစ်ဖြစ် ငါက တခြားသူတွေကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာမျိုး၊ အတင်းအကြပ် ခိုင်းစေတာမျိုးတွေ မလုပ်ဘူး။ အခု ငါ့တို့ ဘယ်ရောက်နေမှန်း မသိသလို ကျောက်စိမ်း အိမ်တော်က ငါ့တို့ကိုကယ်ဆယ်ဖို့ လူလွှတ် မလွှတ်ဆိုတာလည်း မသိဘူး။ ငါတို့အချင်းချင်းပဲ အားကိုးရတော့မယ်။ မင်းငါ့ကို တစ်ခါလောက် ယုံနိုင်တယ်။ ငါတို့နှစ်ယောက်လက်တွဲပြီး ဒီကနေ လွတ်မြောက်ဖို့ နည်းလမ်းရှာကြမလား?"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now