ရိမင်လေးဟာလည်းနာခံစွာဖြင့်သူ့ခေါင်းလေးကိုရှောင်ကျန့်ဆီသို့ထိုးပေးရင်းရှောင်ကျန့်၏သေးငယ်သောခါးကိုသူ့လက်သေးသေးလေးတွေဖြင့်ဖက်လိုက်သည်။ရိမင်လေး၏အနက်ရောင်မျက်ဝန်းဝိုင်းလေးထဲတွင်ကလေးတစ်ယောက်နှင့်မတူစွာစွဲလမ်းသည့်အရိပ်အယောင်များကြောက်မက်ဖွယ်ကောင်းဖွယ်ထင်ဟပ်နေခဲ့သည်။

ရိမင်လေးကိုယ်တိုင်ပင်ရှောင်ကျန့်ကိုထိုမျှအထိစွဲလမ်းနေခဲ့မှန်းအမှန်တကယ်ကိုမသိချေ။သူသိသည်ကရှောင်ကျန့်မှာသူ့အပိုင်သာဖြစ်သည်။

ရှောင်ကျန့်လေးကိုစတင်တွေ့ရှိသည့်အချိန်တုန်းကသူ့ရင်ထဲရှိပိုင်စိုးလိုစိတ်မှာပြင်းထန်စွာစတင်ပေါ်ပေါက်လာခဲ့သည်။ကြမ်းတမ်းသည့်မိစ္ဆာကြီးတစ်ကောင်မှာထိုသူကိုအပိုင်သိမ်းရန်အတွက်သူ့ရင်ထဲ၌အော်ဟစ်ရုန်းကန်နေလေသည်။

ရိမင်လေးသည်ရှောင်ကျန့်၏သေးငယ်သည့်ရင်ခွင်အတွင်း၌တိုးဝင်၍ရှောင်ကျန့်၏ကိုယ်သင်းနံ့ကိုအငမ်းမရရှုရှိုက်နေသည်။ရှောင်ကျန်ကတော့ဘုမသိဘမသိဖြင့်ပျော်ရွှင်စွာဖြင့်ရိမင်ရဲ့ခေါင်းလေးကိုပွတ်သပ်ပေးနေခဲ့၏။

ရှောင်ကျန့်၏ရင်ဘက်လေးနှင့်မျက်နှာကွယ်ထားသည့်ရိမင်၏အနက်ရောင်မျက်လုံးဝိုင်းလေးထဲတွင်ရူးသွပ်မှုများနှင့်ပြည့်နှက်နေကြောင်းမမြင်နိုင်တာကတော့ကံဆိုးလွန်းလှသည်။

ညစာစားချိန်သို့ရောက်သောအခါအိမ်ဖော်များကအိမ်အောက်ထပ်၌ညစာစားဖို့ရန်လာခေါ်ကြသည်။ရိမင်အသေးလေးသည်ရှောင်ကျန့်၏သေးငယ်နူးညံ့သည့်လက်လေးကိုသူ့ရဲ့လက်လေးဖြင့်တွဲ၍အောက်ထပ်သို့ခေါ်လာခဲ့သည်။

စားပွဲ၏ထိပ်ဆုံးခုံတွင်အလုပ်မှပြန်ရောက်လာသည့်ရိသခင်ကြီးထိုင်နေခဲ့ကာညာဘက်တွင်ရိမားရှိသည်။ရိမား၏ဘေးတွင်ကျန့်နင်ဟာအနည်းငယ်နေရခက်စွာရှိနေပြီးရှောင်ကျန့်ကိုမြင်သည်နှင့်သူမ၏ဝိုင်းစက်လှပသည့်ပန်းရောင်ဖျော့ဖျော့မျက်လုံးလေးမှာတောက်ပသွားခဲ့သည်။

ရိမင်လေးသည်မည်သူ့ကိုမှဂရုမစိုက်ပဲရှောင်ကျန့်၏လက်လေးကိုဆွဲ၍ရိပါး၏ဘယ်ဘက်ခုံ၌ဝင်ထိုင်သည်။

system 091 Where stories live. Discover now