အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။

Start from the beginning
                                    

ဖန်ရှီသည် ဖူလင်းယွင်၏ဒေါသကို မကြောက်မရွံ့ဘဲ ချက်ချင်းတုံ့ပြန်ခဲ့လေသည်။

သူတို့အသီးသီးသည် ဓားမြှောင်ကို ကိုင်ဆောင်ကာ ရေခဲရေတံခွန်အောက်၌ ပြင်ဆင်မှုများ ပြုလုပ်နေ ကြသည်။ ဒိုင်လူကြီးဖြစ်သူ ရွှီယွင်ကျန်းမှ အချက်ပြသည်နှင့်တပြိုင်နက် နှစ်ယောက်စလုံး ချက်ချင်း ခုန်တက်လိုက်ကြ၏။

သူတို့သည် ဓားမြှောင်များ၏ အဖျားများကို ရေခဲရေတံခွန်အတွင်းသို့ အတွင်းအားများဖြင့် ထိုးဖောက်ကြသည်။ သူတို့၏ ပုံရိပ်များသည် လေထဲ၌ တဝဲလည်လည်ဖြစ်နေသော ပျံလွှားငှက်များကဲ့သို့ပင်။ သူတို့သည် လက်စွမ်းထက်စွာဖြင့် အထက်သို့ ခုန်ခုန် တက်လျက်ရှိသည်။ သူတို့၏လက်ထဲမှ ဓားမြှောင်သည် အန္တရာယ်ရှိသောနေရာသို့ ထိုးစိုက်မိပါက ချက်ချင်း လက်ကိုပြန်ရုတ်ကာ ပိုမြင့်သောနေရာသို့ နက်နက်နဲနဲ ထိုးဖောက်လိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အဝါရောင်ပုံရိပ်နှင့် အစိမ်းရောင်ပုံရိပ်တို့သည် ရေခဲရေတံခွန်၏ အလယ်ဗဟိုသို့ လျင်မြန်စွာ ရောက်လာကြသည်။

"ချင်းလျန်ဂိုဏ်းရဲ့ 'ပုစဉ်းတွဲလောင်းလင်္ကာ'က မိစ္ဆာဂိုဏ်းရဲ့ 'မြတ်နိုးဖွယ်ပန်းပွင့်ခြေလှမ်း'နဲ့ မယှဉ်နိုင်ပေမယ့် အဲဒါကလည်း တကယ့်ရှားမှရှား ကိုယ်ဖော့ပညာတစ်ခုပဲ"

ရေခဲရေတံခွန်အောက်က ရွှီယွင်ကျန်းသည် အပေါ်မှ လူနှစ်ယောက်ကိုကြည့်ကာ ရယ်မောလိုက်၏။

"ထန်းယွင်စံအိမ်ရဲ့ 'ဇီဝဇိုးငှက်လေပြည်'က သိုင်းပညာ နယ်ပယ်မှာ နာမည်မရှိတာ အံ့သြစရာမဟုတ်ပါဘူးလေ"

ကုဖေးတိက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"အမှန်ပဲ။ ဒါပေမယ့် ထန်းယွင်စံအိမ်က အတွင်းအား ဘက်ကို ပိုအာရုံစိုက်ပြီး ဖြောင့်မတ်မှန်ကန်တဲ့နည်းလမ်း တွေကိုပဲသုံးတယ်။ ငါ့တို့က ကိုယ်ဖော့ပညာကို သိပ်ပြီး အလေးမပေးဘူး။ ဒါ့အပြင် 'ဇီဝဇိုးငှက်လေပြည်'က ကိုယ်ဖော့ပညာချည်းပဲ မဟုတ်ဘူးလေ.. အဲဒါက အနီးကပ် တိုက်ခိုက်ရေး နည်းစနစ်တစ်ခုလို့လည်း ပြောလို့ရတယ်"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now