ချူးလျန်က ဝမ်လန်ကို သဘောမကျစွာ လှည့်ကြည့်လိုက်မှဘဲ ဝမ်လန်က စကားပြောတာ ရပ်သွားတယ်။

အမျိုးသမီးလက်ထောက်ရဲ့မလေးစားမှုတွေက သူမ မျက်နှာထက်မှာ အထင်းသားပေါ်လွင်နေတယ်၊ ချူးလျန်ကိုယ်တိုင်ကလည်း လူစိမ်းတွေရှေ့မှာ သူမရဲ့ အနီးကပ်အစေခံတွေကို ဆိုဆုံးမဖို့ စိတ်ကူးမထားဘူး၊ ဒါနဲ့ ချူးလျန်က မူလကတိတ်ဆိတ်နေဆဲ အချိန်ကအတိုင်း သူမ မျက်နှာထက်မှာ နွေးထွေးပြီး ရင်းနှီးကျွမ်းဝင်စေတဲ့ ပုံစံကို ထိန်းသိမ်းထားလိုက်တယ်။

ခဏကြာတော့ အမျိုးသမီးလက်ထောက်က သူမ စိတ်ထဲက မကျေနပ်မှုတွေကို ဖြတ်ကျော်နိုင်သွားခဲ့ပြီ။

သူမက သက်ပြင်းချပြီး အားတင်းပြုံးလိုက်တယ်၊ " အမျိုးသမီးကျင်းယီရဲ့ အကြိုက်တွေကို ကြို မစစ်ဆေးထားမိတာ ဒီအစေခံရဲ့ အမှားပါ "

ချူးလျန်က ယဉ်ယဉ်ကျေးကျေးဘဲ ပြန် ပြောလိုက်တယ် " ဒါက အဆင်ပြေပါတယ် "

လက်ထောက်အမျိုးသမီး ရှောင်ယန်က တစ်စုံတစ်ခုကို ဆက်ပြောဖို့ ပြင်နေတုန်းမှာဘဲ အမျိုးသမီးကျင်းယီကို ခေါ်ဆောင်ဖို့ရာ စစ်သူကြီးချီအန်း လွှတ်လိုက်တဲ့ စစ်သားတစ်ယောက်က တဲ အပြင်ဘက်ကနေ အကြောင်းကြားလာတယ် ၊ ဒါနဲ့ သူတို့က စစ်သူကြီးရဲ့တဲဆီ ချက်ချင်းဘဲ သွားရောက်လိုက်ရတယ်။

ချူးလျန်က ထရပ်ပြီး သူမရဲ့ လူစုကို နွေးထွေးနေတဲ တဲ အပြင်ဆီ ဦးဆောင်ခေါ်သွားတယ်။

ရှောင်ယန်က ချူးလျန်တို့ကို ဝင်ပေါက်ထိ လိုက်ပို့တယ်၊ သူမက ချူးလျန်ရဲ့ ဝေးကွာသွားတဲ့ ကျောပြင်ကို ငေးကြည့်နေရင်းနဲ့ သူမ မျက်နှာပေါ်က အပြုံးက ဖျော့တော့လာပြီး မျက်နှာက ရှုံ့မဲ့လာတယ်။

ရှောင်ယန် နောက်က အစေခံမလေးကလည်း လေသံနိမ့်နဲ့ အထွန့်တက်လာတယ် " ဟမ့် ဒီ အမျိုးသမီးကျင်းယီက အဆိုးထဲက အကောင်းကို နားမလည်ဘူးဘဲ၊ သူမကများ စန်ချာကို မနှစ်ဘူးလို့ပြောရဲသေးတယ် ! ဒီအစေခံ ထင်တာကတော့ သူမက စန်ချာကို ဘယ်တုန်းကမှ မသောက်ဖူးတာမို့ စမ်းမကြည့်ရဲတာ ဖြစ်လောက်မယ် "

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now