အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။

Start from the beginning
                                    

"ငါ့ခြံဝင်းထဲမှာ ဓားရှည်တွေနဲ့ မလေ့ကျင့်နိုင်တာ နှမြောစရာပဲ။ ငါက နေ့တိုင်း လေ့ကျင့်ရေးကွင်းကို သွားလေ့ကျင့်ဖို့လိုတယ်။ ဒါကြောင့် တံခါးပိတ်ကျင့်ဖို့ မဖြစ်နိုင်ဘူးထင်ပါရဲ့"

ဖူလင်းယွင်သည် သူမနှုတ်ခမ်းကို ကွေးညွှတ်လိုက်ပြီး ဆိုသည်။

"စုယန်က သူ့ကိုယ်သူ သူများတွေနဲ့မတူဘဲ လူတွေ သူ့ကို မကြိုက်ကြဘူးဆိုတာကိုသိပြီး တံခါးပိတ် ကျင့်သွားတာဖြစ်နိုင်တယ်။ ဖန်ရှီက နာနာခံခံ သူ့နောက်လိုက်နေတာဆိုတော့ စုယန်မရှိတဲ့အခါ သူက လူတွေရဲ့ ပစ်မှတ်ဖြစ်လာမှာ စိုးတာကြောင့် တံခါးပိတ်ကျင့်သွားတာပဲ!"

ထိုသို့ဆိုပြီးနောက် သူမသည် ကုဖေးတိအား လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်၏။

"ရှောင်ရှစ်ရှုံး.. မင်းက အဲဒီနတ်ဆိုးကျင့်ကြံသူနဲ့ အတူတူ နေရတာဆိုတော့ လမ်းမလွဲသွားဖို့ အကောင်းဆုံး ကြိုးစားပြီး သူ့အကြံအစည်တွေရဲ့ သားကောင်မဖြစ်အောင် သတိထားနော်"

ရွှီယွင်ကျန်းက ပြုံးလိုက်သည်။

"စုယန်က အမြဲတမ်း ဟန်ဆောင်နေတာလို့ ငါထင်တယ်။ တကယ်တော့ သူက ဒီလောက် အကြံအစည်ကြီးတဲ့သူ မဟုတ်ဘူး။ အစက သူ့မှာ ကုဖေးတိနဲ့ပတ်သတ်ပြီး အကြံအစည်တွေရှိနေတယ်လို့ ထင်ခဲ့တာ ကျောက်တုံးသစ်တောမှာတုန်းက အဲလိုမဟုတ်မှန်း သိလိုက်ရတယ်"

ထိုစကားကိုကြားသောအခါ ကုဖေးတိသည် ရုတ်တရက် ရယ်မောလိုက်၏။

သူသည် သူ၏ညာလက်ဖြင့် ဘယ်ဘက် လက်ကောက်ဝတ်ကို ပွတ်သပ်ကာ သူ့အကြည့်များသည် နွေးထွေးလာ၏။ သူသည် လှောင်ရယ်ခြင်း မဟုတ်သော်လည်း သူ့အတွက် တကယ်ကို ရယ်စရာကောင်းသော ကိစ္စတစ်ခုကို တွေ့ခဲ့ရသည်မှာ ထင်ရှားပါသည်။

"သူ့ရဲ့ နည်းလမ်းတွေက နည်းနည်းထူးဆန်းပေမယ့်..." ကု‌ဖေးတိသည် ‌အသာအယာ ချောင်းဟန့်လိုက်ပြီး ဆက်ဆို၏။ "...တိုတို​ပြောရရင် သိုင်းလောကရဲ့ ​ကောလဟာလ​တွေက မယုံနိုင်စရာပဲ။ သူက တကယ်တော့ ဖြူစင်​ပါတယ်​"

ဖူလင်းယွင် သူမ၏မျက်လုံးများကို လှန်လိုက်သည်မှာ ဝန်မခံလိုကြောင်း ထင်ရှားပေသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now