တောင်ကြားသခင်ကမျက်မှောင်ကြုတ်ရုံကြုတ်လိုက်ပေမယ့် လူငယ်ကတော့သူ့ကိုလျစ်လျူရှု့သွားသည့်ထိုသူကြောင့်မျက်နှာကြီးမဲမှောင်သွားသည်။

"မင်းကငါ့ကိုလျစ်လျူရှု့ရဲတယ်ပေါ့....."

လူငယ်ဟာထိုလူစိမ်းကိုစတင်တိုက်ခိုက်လိုက်သည်။ဒါပေမယ့်လူငယ်၏တိုက်ခိုက်မှုဟာထိုလူစိမ်းနားမရောက်ခင်မှာပဲအကာအရံတစ်ခုနှင့်ထိမိသွားကာသူတိုက်ခိုက်သမျှပြန်ကန်ထွက်သွားခဲ့သည်။တောင်ကြားသခင်၏ငြိမ်သက်မှုကိုစိတ်မရှည်ဖြစ်သွားသည့်ထိုသူဟာဒေါသတကြီးကျစ်တစ်ချက်သပ်လိုက်သည်။

ထို့နောက်ထိုလူစိမ်း၏ရုပ်ရည်သွင်ပြင်မှာပြင်းထန်စွာပြောင်းလဲသွားပြီးပြောမပြတတ်နိုင်လောက်အောင်ချောမောခန့်ညားသည့်မျက်နှာထွက်ပေါ်လာခဲ့သည်။ ဆေးတောင်ကြားသခင်၏လှပသောမျက်လုံးတစ်စုံဟာပြူးကျယ်သွားခဲ့ပြီးနှုတ်ခမ်းပါးနှစ်ဖက်မှာဖွဖွလေးပွင့်ဟသွား၏။

"သခင်...."

ပြန်လည်တိုက်ခိုက်ရန်ပြင်လိုက်သည့်လူငယ်ဟာလည်းတောင်ကြားသခင်၏စကားကြောင့်ကြောင်အသွားစွာရပ်တန့်သွားခဲ့ပြီးထိုလူစိမ်း၏မျက်နှာကိုမြင်လိုက်ရသည်နှင့်သူ၏ခန္တာကိုယ်မှာတောင့်တင်းသွားသည်။

ချော....ချောလိုက်တာ။

ထိုသူ၏နတ်ဘုရားတစ်မျှချောမောလွန်းသည့်မျက်နှာကြောင့်လူငယ်မှာအသိစိတ်ပင်လွတ်သွားခဲ့သည်။လူငယ်၏တစ်သက်တွင်ဤမျှထိအသက်ရှုမှားဖွယ်ချောမောသည့်လူကိုလုံးဝမတွေ့ခဲ့ဖူးချေ။

"မြန်မြန်လုပ်!!!"

ရိပေါ်က ဒေါသတကြီးအော်ငေါက်လိုက်သည်။

သခင်ဖြစ်သူ၏ ယခုကဲ့သို့အမူအရာအကြီးအကျယ်ပျက်ယွင်းနေမှုကိုတစ်ခါမှမမြင်ဖူးသည့်တောင်ကြားသခင်ယွဲ့ထျန်းသည်လန့်ဖြန့်သွားခဲ့ရှာ၏။ ဝမ်ရိပေါ်ကို အခန်းထဲသို့ဦးဆောင်ခေါ်လာရင်းကုတင်ပေါ်သို့လူနာဖြစ်သူကို တင်ဖို့ရန်ပြောသည်။ရိပေါ်က အနည်းငယ်တုံ့ဆိုင်းသွားပေမယ့်ယွဲ့ထျန်းဆိုသည့်အတိုင်းရင်ခွင်ထဲရှိမေ့လဲနေသူကိုကုတင်ပေါ်သို့တင်လိုက်သည်။

system 091 Where stories live. Discover now