အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။

Start from the beginning
                                    

ကောင်းတယ်။ ယခု သူသည် အခြေခံအကြောင်းအရာ များကို သင်ယူပြီးပြီဖြစ်၍ ပို၍ခက်ခဲသောမေးခွန်းကို မေးရတော့ပေမည်။

စုယန် အဓိပ္ပာယ်မရှိသော အကြောင်းပြချက်တစ်ခု ဖန်တီးရန် ဆုံးဖြတ်လိုက်၏။

"ကျွန်တော် 'မရဏပန်းခြောက်ပွင့်' ကို ကျင့်တုန်းက လက်ဆွဲစာအုပ်ကိုဖတ်ပြီး လေ့ကျင့်ခဲ့တာမဟုတ်ဘူး.. အခြားတစ်ယောက်က ကျယ်ကျယ်လောင်လောင် ဖတ်ပြပြီး သူ့ရဲ့အတွင်းအားနဲ့ လမ်းညွှန်ပေးခဲ့တာ" သူသည် လေးလေးနက်နက် ဆိုလိုက်၏။

"မင်းက စကားလုံးတွေ၊ ဥပမာတွေကနေ သင်ယူခဲ့ တာလား" သူမကအံ့သြစွာဆိုသည်။ "မင်း ဒီနည်းလမ်းနဲ့ သင်ယူချင်တယ်ဆိုရင် အဲဒီလူက မင်းနဲ့အတူတူ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးရလိမ့်မယ်.. ငါက 'ရေခဲကိုးလွှာပွင့်လန်းခြင်း'ကို တစ်ခါမှ မလေ့ကျင့် ဖူးဘူး။ ဒါကြောင့် မင်းကို ကိုယ်တိုင် သင်ပေးလို့မရဘူး။ ဒါပေမယ့် အဲဒါက ဒီစာအုပ်ကို နားမလည်တာနဲ့ ဘာဆိုင်လို့လဲ"

စုယန် ခဏတာ နှုတ်ဆိတ်နေပြီးမှ ဆိုလိုက်သည်။

"ဘယ်လို ဖတ်ရမှန်းမသိဘူး.. အရင်က စာမဖတ်ဖူးဘူး.. "

တိလင်းသည် စူးစူးစိုက်စိုက် နားထောင်ရင်း စုယန် စကားဆက်ပြောမည်ကို စောင့်ဆိုင်းနေခဲ့သည်။

စုယန်က ဆက်ပြောလိုက်၏။

"ရိုးရှင်းတဲ့ စကားလုံးတွေပဲ မှတ်မိတယ်.. အဟွတ်.. ဒါတွေအားလုံးကိုတော့ နားမလည်ဘူး"

တိလင်းသည် အစကတည်းက မည်သည့်အမူအရာမှ မရှိသော်လည်း သူမ၏ဝိညာဉ်သည် ခဏတာ လွင့်ထွက်သွားပုံရသည်။

စုယန်သည် သူ၏သတ္တိကိုဆင့်ခေါ်ကာ သူ၏ ရှင်းပြချက်ကို ဆက်လက်လုပ်ဆောင်လိုက်၏။

"အဲဒါကြောင့် ကျွန်တော် နားလည်နိုင်အောင် ဒီစာအုပ်ထဲက အကြောင်းအရာတွေကို တစ်ယောက်ယောက်က ဖတ်ပြပေးဖို့လိုတယ်"

"ရှစ်ဇွင်းက မင်းကို လမ်းညွှန်ပေးဖို့ ဘာကြောင့် ငါ့ကို တာဝန်ပေးရတာလဲ..." တိလင်းက ညည်းညူလိုက်၏။

စုယန် စိတ်ထဲ၌ ဟစ်ကြွေးလိုက်၏။

'ကောင်းပြီ။ သူက အေးစက်ပြီး အင်အားကြီးတဲ့ လင်းရှစ်ကျဲကိုတောင် သူမရဲ့နောက်ဆုံး ကန့်သတ်ချက်ဆီ တွန်းပို့ခဲ့တယ်'

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now