အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။

Start from the beginning
                                    

စုယန်သည် သူ့လက်သည်းတွေကို ကိုက်ရင်း တစ်ခုခုကို ချက်ချင်း သတိရသွားသည်။

___သူသည် 'အသိုက်အမြုံသို့ပြန်သွားခြင်း' တည်နေရာအား ကုဖေးတိကို ဤသို့ပြောပြ၍ မရပေ။

သူသည် ဗီလိန် ဖြစ်သည်!

အတိအကျပြောရလျှင် အနာဂတ်မှာ ကုဖေးတိ၏ဓားနှင့် ထိုးသတ်ခံရမည့် ဗီလိန်ဖြစ်ပေသည်။

ကုဖေးတိနှင့်အတူ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခြင်းသည်ပင် မှားယွင်းနေပြီဖြစ်သည်။ ထို့ကြောင့် ဇာတ်လိုက် သူ့အား ကျေးဇူးတင်စေမည့် လုပ်ရပ်မျိုးကို လုပ်ဆောင်၍မရနိုင်ပါ။ မဟုတ်ပါက ဇာတ်လမ်း၏အဆုံးသတ်သည် ပြိုပျက်သွားမည် ဖြစ်သည်။

သို့သော်လည်း ကုဖေးတိအား ထိုအတွဲ၏တည်နေရာကို မတော်တဆ သိရှိသွားစေရန် မည်သို့လုပ်ဆောင် ရမည်နည်း။

ဤအရာသည် အမှန်တကယ် သူ၏ IQ အား စမ်းသပ်မှုတစ်ခုပင်။

ဤပြဿနာကို တွေးတောနေရင်း စုယန်သည် စားပွဲရှည်ကြီးတွင် ထိုင်လိုက်ပြီး သူ့အတွေးထဲတွင် နစ်မွန်းသွားသည်။

"မြင့်မြတ်လှတဲ့သခင်ငယ်.. မင်းကို အစေခံပေးဖို့
တစ်‌ယောက်ယောက်ကို စောင့်နေတာလား?"

ဖန်ရှီသည် စုယန်၏နံဘေးသို့ ရောက်သွားပြီး သူ့ပုခုံးပေါ် လက်တင်ရင်း ပြုံးပြလိုက်သည်။ ထို့နောက် စားပွဲအလယ်မှ ပန်းကန်လုံးကြီးတစ်လုံးကိုယူကာ မေးလိုက်၏။

"မင်း ဘာစားချင်လဲ.. ငါမင်းအတွက် ယူပေးမယ်။ ပေါက်စီစားမလား ထမင်းစားမလား?"

စုယန်သည် အသိစိတ်ပြန်ကပ်လာပြီးနောက် ကျောက်စိမ်းအိမ်တော်၏ ထမင်းစားခန်းသည် ဘူဖေးနှင့် ခပ်ဆင်ဆင်တူကြောင်း သဘောပေါက် လိုက်သည်။ စားပွဲရှည်ကြီးပေါ်၌ တင်ထားသော ဟင်းလျာများမှ ကိုယ်ကြိုက်နှစ်သက်သည့် အစားအစာကိုရွေးရန် လိုအပ်ပေသည်။

ပန်းကန်လုံးကိုကိုင်လျက် စောင့်ဆိုင်းနေသည့် ဖန်ရှီ့ကို မြင်သောအခါ စုယန်သည် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး ချောင်းဟန့်လိုက်သည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now