၂၈ ။ ဂန်းစတားကိုကို

Start from the beginning
                                    

အရှက်တရားလျှပ်စီးတန်းကြီးသည် အပေါ်ကနေ ပစ်ချလာပြီး အထဲမှ ဘော့စ်ကြီးအား ဝါးမျိုသွားခဲ့တော့သည်။

"မင်းpheromoneက ချိုလိုက်တာ! မင်းအဖေ ပြော‌တာမှန်တယ်၊ မင်းက တကယ်မျိုးသန့်Omegaပဲ"

"ယာယီအမှတ်အသား အသုံးမဝင်တော့ရင် တားမြစ်ဆေးသုံးဖို့ သတိရနော်"

"ကောင်လေး၊ မင်း ခွန်အားနဲ့ပတ်သတ်ပြီး ဘာမှမသိပါဘူး"

"အင်ပါယာအတွက်"

"သူက ကိုယ်တို့ကျန်းမိသားစုရဲ့ ဂုဏ်ယူစရာလေးမို့ ကျန်းကွမ်ကျုံးလို့ခေါ်ကြတာပေါ့!"

ဒီတစ်ခေါက် ဇာတ်ညွှန်းက... ဘာလို့ အဲလောက်တောင် ကြောင်ရတာလဲ!

အမလေး ဘုရားသခင်... သူ အတော်လေးကို ရှက်နေမိပြီ!

ကျန်းချန်ဖေး ခေါင်းအုံးနှစ်အုံးကြား မျက်နှာကို နှစ်ထားလိုက်သည်။ ကျောင်းချီတစ်ယောက် အိပ်ရာထကာ သူ့ကိုစကားမပြောဘဲ အလုပ်သာတန်းသွားပြီး ဒီရက်စက်သည့်လောကကြီးအား တစ်ယောက်တည်းရင်ဆိုင်ရန် ထားခဲ့ဖို့မျှော်လင့်နေမိသည်။

"ဝု!" သို့သော်ငြား ကွမ်းကျုံးကတော့ သူ့အဖေ ဘယ်လိုခံစားနေရသလဲ နားမလည်ဘဲ အိပ်ရာပေါ်တွင် ပြေးလွှားနေလေသည်။ သူ ရုတ်တရက် ခေါင်းအုံးများကြားမှ အနက်ရောင်အမွှေးခပ်ထူထူဘောလုံးလေးကို ရှာတွေ့သွားပြီး တက်ကြွစွာ ခုန်ဆွကာ ခေါင်းအုံးနှစ်လုံးကြားမှ ဘောလုံးကို ရှေ့ခြေထောက်များနှင့် တူးဆွရန်ကြိုးစားနေသည်။

ခွေးလေးက ထပ်တလဲလဲ ခေါင်းအုံးပေါ်ခုန်နေ၍ ကျောင်းချီနိုးလာခဲ့သည်။

"ဘာလုပ်နေတာလဲ" ကျောင်းချီ ကောင်လေး ဘာတူးဆွနေလဲ ကြည့်ရန် ကိုယ်ကြွလိုက်သော်ငြား စိုးရိမ်သွားပြီး သူ့လောင်ကုန်းကျောကို အလျင်အမြန် ပုတ်ပေးလိုက်သည်။
"ကျန်းတာ့တျောင်း၊ ခင်ဗျားဘာဖြစ်တာလဲ"

"အင်း ကိုယ်အဆင်ပြေပါတယ်" သူ့ချစ်ဇနီးလေးက သူထိုကဲ့သို့ဖြစ်နေသည်ကိုမြင်သွားမှတော့ ကျန်းချန်ဖေး ခေါင်းအုံးပုံထဲမှ ထွက်လိုက်ရကာ ဘာမှမဖြစ်ထားဟန် ထထိုင်လိုက်သည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Where stories live. Discover now