Part -24(အခန်း15-နမ်မောင်နှမ၏ဘဝဇာတ်ကြောင်း)

320 23 3
                                    

Uni

Warrring အနည်းငယ်ပါဝင်သည်18နှစ်ပြည့်မှဖတ်ပါ

မပြည့်လည်းဖတ်ကြမှာပဲမလား

လူတွေနေတဲ့နေရာနဲ့နည်းနည်းဝေးတဲ့ နေရာလေးတွင် တဲကုပ်အိမ်ကလေးရှိသည်။ထိုအိမ်လေးမှာ ကြည့်လိုက်ရင် နွေးထွေးမှုဖြစ်စေသည်။

"အားကျင်းရေ!!!"

နမ်မုမုတစ်ယောက်သူမမောင်ကိုအော်ခေါ်လိုက်သည်။

"ကျဲကျဲရေ သားလာပြီ!!!!!"

နမ်ကျင်းမုတစ်ယောက်သူ၏ အမခေါ်သဖြင့် ကြက်ခြံထဲမှအမြန်ထွက်လာခဲ့ပြီးသူတို့အိမ်ထဲသို့ ဝင်သွားလိုက်သည်။

"လာ..အားကျင်း~~"
သူမမောင် ဝင်လာသည်နှင့်အပြုံးဖြင့်ပြောလိုက်သည်။ သူမတို့မိဘနှစ်ပါးမှာ သူမငယ်စဉ်််ကတည်းကဆုံးပါးသွားပြီးသူမမောင်ငယ်လေးနဲ့အတူတူ ဘဝကိုကြိုးစားရုန်းကန်ခဲ့သည်။

နမ်မုမုသူမရသမျှအလုပ်မှန်သမျှကိုမငြီးငြူပဲအကုန်လုပ်သည်။သူမအလုပ်လုပ်သည့် သူေဋ္ဌးအိမ်က သခင်မကြီးမှာသူမ၏အလုပ်ကြိုးစားမှု ကိုသဘောကျလို့ဆိုပြီး ငွေးသားများစွာပေးလိုက်သည်။ထိုငွေများထဲမှတစ်ဝက်ကို သိမ်းပြီးကျန်တစ်ဝက်ကိုလိုအပ်သည့်အရာများ ဝယ်လာခဲ့သည်။သူမမောင်အကြိုက်ဆုံးဟင်းဖြစ်သည့် ဝက်သားစီချွမ်ဟင်းလေးချက်ထားသည်။

"ဝါးးးကျဲကျဲ ဝက်သားစီချွမ်ဟင်းလား"

နမ်ကျင်းမုလေးတစ်ယောက် မျက်လူံးလေးများလင်းလက်စွာဖြင့် မေးလာသည်။

"ဟုတ်တယ် မောင်လေးကြိုက်ဆုံး ဟင်းတွေချက်ထားတာ ဒီနေ့ကျဲကျဲ ပိုက်ဆံများကြီး ရလာတယ်"

နမ်မုမုတစ်ယောက်သူမမောင်၏မျက်လုံးလေးများ လက်ပြီးပြောသည့်ပုံစံမှာ ချစ်ဖို့ကောင်း လှသဖြင့် ခေါင်းပေးပွတ်ပေးပြီး ပြုံးရွှင်စွာပြောလိုက်သည်။

"အားးးရှဲရှဲ ကျဲကျဲ အိုင်းနီ"

နမ်ကျင်းမုတစ်ယောက်သူ၏အမကို မွေးမွေးပေးပြီးချစ်စရာကောင်းအောင်ပြောလိုက်သည်။

ထိုနေ့ညက ထိုအိမ်လေးတွင်ရယ်မောသံများနှင့်ေ္နွးထွေးမှုလေးများလွှမ်းခြုံနေသည်။

ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now