Part -6(အခန်း-၆) ဂူပိတ်တရားကျင့်ကြံခြင်းနှင့်မော့သွမ့်ရှောက်နှင့်စတင်တွေ့ဆုံခြင)

331 39 0
                                    


Uni

အခန်း - 6

ဂူပိတ်တရားကျင့်ခြင်းနှင့်မော့သွမ့်လျှောက်နှင့်စတင်တွေ့ဆုံခြင်း
******************************

လော့ချင်းချန်တွက်ဒီနေ့ဂူပိတ်တရားကျင့်ရမည့်နေ့ဖြစ်သည်။တရားကျင့်ရမည့်ဂူကိုလော့ချင်းချန်တစ်ယောက်ခဏရပ်ကြည့်နေသည်။

"အင်း......ဒီဂူထဲငါတရားကျင့်ရမှာပေါ့ဂူကအရမ်းဆိုးရွားနေမယ်ထင်ထားတာမဆိုးတဲ့အပြင်ကြည့်လို့ကောင်းသားပဲ"

လော့ချင်းချန်တစ်ယောက်တည်းပြောနေသည်။

"ဒါနဲ့...Systemဝတ္တုထဲမှာမူလလော့ချင်းချန်ကသူ့ဆရာတူညီလေးမော့သွမ့်ရှောက်ကိုသတ်လိုက်တဲ့ဂူမလား"

လော့ချန်တစ်ယောက်ခဏလောက်တွေ့တောရင်းsystemကိုမေးလိုက်သည်။

လူကြီးမင်းခေါ်ဆိုနေသောSystemမှာလိုင်းပေါ်မရှိသောကြောင့်ကျေးဇူးပြုပြီးနောက်နာရီမှပြန်လည်ခေါ်ဆိုပေးပါ

Systemမှပြန်လည်ပြောဆိုလာသည်။

"WTF*ဒီSystemသူ့ကိုယ်သူဖုန်းကုမဏီနဲ့များမှားနေတာလားအစုတ်ပလုတ်Systemလိုအပ်ရင်ဘာမှသုံးစားမရဘူးမင်းတို့SystemကိုBad review ပေးတယ်"

"မင်းတို့Systemကငါ့ကိုသေကြောင်းရောက်မယ့်ဟာဆိုအဆက်မပြတ်လိုင်းပေါ်ရှိနေတယ်ဟွန့်အစုန်ပလုတ်System...."

လော့ချင်းချန်တစ်ယောက်စိတ်တိုစွာပြောမိသည်။ထို့နောက်ဂူထဲတရားကျင့်ရန်ဝင်သွားတော့သည်။

"အင်း....ဒီနေရာကောင်းတယ်အလင်းရောင်လည်းရလေဝင်လေထွက်လည်းကောင်းတယ်"

လော့ချင်းချန်တစ်ယောက်ဂူထဲနေရာပတ်ရှာရင်းစိတ်ကြိုက်နေရာတွေ့သွားသည်။တရားထိုင်ရန်စတင်လုပ်တော့သည်။

*အင်း....တရားထိုင်ရတာငြိမ်းအေး*
ဒုန်း!!!

*ငြိမ်းအေး*

ဒုန်း!!

".........."

လော့ချင်းချန်တစ်ယောက်တရားမှတ်နေစဉ်ငြိမ်းအေးကြောင်းကိုစိတ်ထဲမှာပြောမိလို့မဆုံးသေးဒုန်းဒုန်းအသံခဏခဏကြားနေသောကြောင့်တရားထိုင်တာအာရုံစိုက်လို့မတော့သည်။

ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now