Part -14 (အခန္း-10ငွေဖြူရောင်ဆံပင်လေးနှင့်အလှလေးချင်းချန်)

422 28 0
                                    

Uni

လော့ချင်းချန်သူသတိရလာလို့ဘေးပတ်ဝန်းကျင်ကိုစူးစမ်းကြည့်လိုက်သော်လူများကြီးသူ့အခန်းမှာရောက်နေတာကိုတွေ့လိုက်ရသည်သူ့ဘေးနားတွင်သူ့လက်ကောက်ဝတ်ကိုစမ်းသတ်နေသည့်သူကိုကြည့်လိုက်သည်။

ထိုသူမှာသူ၏ဆရာတူညီလေးဆွေ့မင်တောင်ထခင်ရင်းခုန်းမင်ပင်ဖြစ်သည်။

"ဆရာတူညီလေးသတိရလာပြီလား"

မေးလိုက်သည့်သူမှာလော့ချင်းချန်၏ဆရာတူအကိုကြီးချီသွမ့်လျှောက်ပင်ဖြစ်သည်။

"ဆရာတူအကိုကြီးဖြေးဖြေးထအဆိပ်ကအကုန်အရှင်းမပျောက်သေးဘူး"

လော့ချင်းချင်အတင်းထထိုင်နေသောကြောင့်ရင်းခုန်းမင်ကပြောလိုက်သည်။

"ဆရာတူအကိုကြီးချင်းချန်အဆင်ပြေပါတယ်"

"ဆရာတူညီလေးမင်းဆရာတူအကိုဒီအဆိပ်လောက်ကတော့မမှု့ပါဘူးကွာ"

လော့ချင်းချန်ချီသွမ့်လျှောက်ကိုပြောရင့းရင်းခုန်းမင်ကိုပါတစ်ဆက်ထဲပြောလိုက်သည်။

"မမှု့ပါဘူးတာပြောနေမျက်ခုံးမွှေးတွေရောဆံပင်တွေရောတစ်ခေါင်းလုံးဖြူလို့နေပြီ"

ရင်းခုန်းမင်စိတ်ဆိုးစွာပြောလိုက်သည်။

လော့ချင်းချန်ရင်းခုန်းမင်ပြောသောစကားကြောင့်သူဆံပင်သူပြန်ကြည့်မိသည်။အခုသူ၏ဆံပင်မှာခါတိုင်းလိုသရဖူမဆောင်းထားဘဲတစ်ဝက်စည်းတစ်ဝက်ချထားသည်။သူ၏ဆံပင်အရောင်မှာအဖြူလိုချည်းဖြစ်နေတာမဟုတ်ပေ ဆံပင်မှာငွေဖြူရောင်လေးဖြစ်သောကြောင့်တစ်မျိုးပင်ကြည့်ကောင်းနေသည်။

ဆံပင်အမည်းနဲ့လည်းလှပေမဲ့ဆံပင်ငွေဖြူရောင်လေးနဲ့လော့ချင်းချန်သည်တစ်မျိုးပင်ကြည့်ကောင်းနေသည်။

"ဆံပင်ဖြူတော့လည်းဆံပင်အဖြူနဲ့တစ်မျိုးကြည့်ကောင်းတာပေါ့မဟုတ်ဘူးလားဆရာတူညီလေး"

လော့ချင်းချန်ရင်းခုန်းမင်ကိုပြုံးပြီးစလိုက်သည်။

"ဆရာတူအကိုကြီးတော့အဆိပ်က့ခေါင်းထိသီားတာလားခါတိုင်းဆိုအေးတိအေးစက်နဲ့အခုတော့ပြုံးပြနေလို့"

ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now