Part -5(အခန်း-၅ရှစ်စွမ်းချက်ကျွေးသောဖက်ထုပ်ခေါက်ဆွဲပူပူလေး)

342 43 0
                                    


Uni

အခန်း - ၅

ရှစ်စွမ်းချက်ကျွေးသောဖက်ထုပ်ခေါက်ဆွဲပူပူလေး
..........................................................

လော့ချင်းချန်တစ်ယောက်တပည့်များကိုသူကိုယ်တိုင်လေ့ကျင့်သင်ကြားပေးသည်မှာတစ်နှစ်ပင်ပြည့်တော့မည်။

"အင်း~~တစ်နှစ်ပြည့်ဖို့မနက်ဖြန်တစ်ရက်ပဲလိုတော့တယ် နက်ဖြန်ပြီးရင်ဂူပိတ်တရားကျင့်ဖို့သွားရတော်မယ်"

လော့ချင်းချန်တစ်ယောက်တီးတိုးရေရွတ်မိသည်။

"Systemနောက်၂နှစ်နေပြီးရင်ငါတို့ဂိုဏ်းကိုမိစၦာတွေရောက်လာမှာမလား"

လော့ချင်းချန်တစ်ယောက်Systemကိုမေးသည်။

"ဟုတ်ပါတယ်Host"

Systemကပြန်လည်ဖြေကြားလိုက်သည်။

လော့ချင်းချန်Systemပြောတာနားထောင်ပြီးဝတ္တုရဲ့ဇာတ်ကြောင်းကိုပြန်လည်စဉ်းစားမိသည်။

မူလဇာတ်ကြောင်းထဲတွင်လော့ချင်းချန်ဂူပိတ်တရားကျင့်ပြီးပြန်ထွက်လာသည့်ရက်မှာပင်မိစၦာများလာရောက်တိုက်ခိုက်တာနှင့်ကြုံရသည်။အဲဇာတ်ကြောင်းထဲတွင်ဇာတ်လိုက်စတင်ကျော်ကြားလာသည့်အချိန်လည်းဖြစ်သည်။မူလလော့ချင်းချန်ကဇာတ်လိုက်ကိုသေတွင်းတဲ့တွန်းပို့ခြင်းဖြစ်သည်။

"အင်း~~အဲနေ့ရောက်မှကြည့်လုပ်ရုံပဲ"

လော့ချင်းချန်ပြောမိသည်။

နောက်တစ်နေ့မနက်ရောက်သော်

"တပည့်တို့......"

လော့ချင်းချန်ကလေ့ကျင့်ရေးကွင်းတွင်ရှိနေသောသူ၏တပည့်များကိုခေါ်လိုက်သည်၊

"ဟုတ်ကဲ့ရှစ်စွမ်း!!!"

တပည့်များကတက်ညီလက်ညီပြိုင်တူဖြေကြားလိုက်သည်။

"ဒီနေ့နောက်ဆုံးရက်ဆိုတာသိကြတယ်မလား...ဒီနေ့ပြီးရင်နောက်ရက်ကစပြီးဆရာ၂နှစ်လောက်ဂူပိတ်တရားကျင့်မှာ"

လော့ချင်းချန်တစ်ယောက်သူု့တပည့်များကိုတရားသွားကျင့်မည့်အကြောင်းပြောပြီးသူ့တပည့်များကိုမေးလိုက်သည်။

ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now