Part -12(အခန်း ၈ ထုံပေ့မိန်၏ကောPart -12(အခန်း ၈ ထုံပေ့မိန်၏ကောက်ကျစ်သောအကြံများ)

207 18 13
                                    

Uni

(တတိယပိုင်း)

ဝမ်ယီချင်းတစ်ယောက်သူရှစ်စွမ်းသူကိုခေါ်လိုက်သဖြင့်အလွန်ပင်အံသြသွားသည်။ကျန်တဲ့တပည့်များတော့ဝမ်ယီချင်းဆိုတဲ့သူကဘယ်သူမလို့တောင်သခင်ကိုယ်တိုင်ကတောင်ခေါ်နေသလဲလို့ကျွတ်ကျွတ်ဆူညံစွာဆွေးနွေးနေကြသည်။

*ရှစ်စွမ်းကငါ့ကိုခေါ်တာလားတခြားသူတွေအများကြီးထဲမှငါ့ကိုရွေးတယ်ငါ့ရှစ်စွမ်းစိတ်မပျက်စေရဘူးငါအစွမ်းကုန်တိုက်မယ်*

ဝမ်ယီချင်းထိုသို့တွေးပြီးတိုက်ပွဲနေရာသို့သွားလိုက်သည်။ဝမ်ယီချင်းသူု့နှင့်တိုက်ရမည့်သူကိုအရင်အကဲခတ်လိုက်သည်။ထိုသူမှာကိုယ်ခန္ဓာကြီးမားလှသည်။သူ၏လက်နက်ပုစိန်ကိုကိုင်ဆောင်ထားသည်။

ဝမ်ယီချင်းသူ၏ဓားဖြင့်စတင်တိုက်ခိုက်တော့သည်။မိုးပေါ်ပျံပြီးထိုလူကိုတိုက်ခိုက်သည်။ထိုလူမှာသူ၏လှုပ်ရှားမှုကိုကြိုတင်မြင်လိုက်သဖြင့်ပုစိန်ဖြင့်လွဲရိုက်လိုက်သည်။ဝမ်ယီချင်းထိုရိုက်ချက်ကိုရှောင်လိုက်နိုင်လိုက်သော်လည်းဒဏ်ရာအနည်းငယ်ရသွားသည်။

တဖြေးဖြေးတိုက်ပွဲအချိန်ကြာလာပြီးနောက်ဝမ်ယီချင်းကိုင်ထားသည့်ဓားလွင့်ထွက်သွားပြီးသူကိုယ်တိုင်ပါလွင့်ထွက်သွားပြီးတော်တော်နဲ့မထနိုင်ဖြစ်နေသည်။

"ယီချင်းခုချက်ချင်းထမင်းကိုသင်ပေးထားတဲ့အင်းစာရွက်သုံးနည်းတွေကောတိုက်ခိုက်နည်းတွေကောမေ့သွားပြီလား"

လော့ချင်းချန်ဝမ်ယီချင်းကိုသူဂူထဲတရားမကျင့်ကြံမီခဏခေါ်ပြီးအင်းစာရွက်သုံးနည်းစာအုပ်အပြင်သူကိုယ်တိုင်ပါနည်းနည်းသင်ပြထားသည်။

"ယီချင်း~~မင်းလုပ်နိုင်တယ်ဆိုတာဒီဆရာယုံတယ်မင်းနိုင်မှာသေချာပါတယ်ထပါအခု"

လော့ချင်းချန်တစ်ယောက်ဝမ်ယီချင်းနိုင်မှာကိုသေချာပေါက်သိသညိ။သူကဘယ်သူမလို့လဲဇာတ်လိုက်ကျော်ကြီးလေ

"ယီချင်းဂိုဏ်းရဲ့ဂုဏ်သိက္ခာကမင်းလက်ထဲမှညဒီဆရာရဲ့ဂိုဏ်းကလူတွေကမပျော့ညံဘူးဆိုတာကိုပြလိုက်စမ်းပါ"

ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now