Part -23(အခန်း-14သရဲမိစၦာဖြေရှင်းခန်း)

208 21 7
                                    





Uni

လော့ချင်းချန်တစ်ယောက် မူးဝေစွာဖြင့် မျက်လုံးတဖြေးဖြေးဖွင့် နေမိသည်။

"ရှစ်စွမ်း!!!ရှစ်စွမ်း"

ဝမ်ယီချင်းတစ်ယောက် သူ၏ရှစ်စွမ်းသတိအပြည့် အဝမရသေးသဖြင့် အော်ခေါ်နေခြင်းဖြစ်သည်။

သူ့ဆရာတူ အမနှစ်ယောက်ကိုတော့ ပါးစပ္ကို အဝတ်စဖြင့် ပိတ်ထားသောကြောင့်ကူမအော်ခေါ်မပေးနိူင်ကြပေ သူတို့၃ယောက်ကို ကြိုးအတူတူ စည်းထားသည်။

လော့ချင်းချန် သတိရတစ်ချက် မရတစ်ချက်ဖြစ်နေစဉ် ဇာတ်လိုက် ၏အော်ခေါ်သံကြီး ကြားရသောကြောင့် အပြည့်အဝ နိုးကြားသွားတော့သည်။

"ယီချင်းမင်းအဆင်ပြေလား"

လော့ချင်းချန် သူ့ကိုယ်သူထက်ပင် ဝဇာတ္လိုက္ကို စိတ်ပူစွာမေးလိုက်သည်။


"တပည့် အဆင်ပြေပါတယ် ရှစ်...စွမ်း..ရှစ်စွမ်းသာ....."

ဝမ်ယီချင်းတစ်ယောက် စကားကိုဆက်မပြောနိုင်တော့ပေ အေစာက သူ့ဆရာသတိ မရသေးသဖြင့် စိတ်ပူနေသည့် အတွက် သူ့ဆရာပုံ စံဘယ်လိုဖြစ်နေလဲဆိုတာ အာရုံမရလိုက်ပေ ယခုသေချာကြည့်လိုက်မိမှ သူကြည့်မိတာ တောင်မှားသွားပြီ ဝမ်ယီချင်းတစ်ယောက် မျက်နှာအလွန်ပင်ပူလာမိသည့် အတွက့် အကြည့်မနည်း လွဲလိုက်သည်။

"ဆရာက ဘာဖြစ်လို့လဲ...."

လော့ချင်းချန်ထိုသို့ ပြောပြီး သူ့ခန္ဓာကိုယ်ကို ငုံကြည့်လိုက်သော် သူပါမျက်နှာအလွန်ပင် ပူသွားတော့သည်။

ယခုသူ၏အဝတ်အစားများမှာ လဲလှယ်ခံထားပြီး အဝတ်များမှာ မလုံပေ ပခုံးသားထိလျှောကျနေပြီး အဝတ်မှာ ပန်းပွင့်အကွက်များဖြစ်ပြီးအပျော်စံအိမ်မှ ကောင်လေးများ ဝတ်ဆင်သည့်ဒီဇိုင်းဖြစ်နေသည်။

"အဟမ်း!!!မင်းတို့့အဆင်ပြေကြတာ ကောင်းပါတယ်"


လော့ချင်းချန် အရှက်ပြေ ချောင်းဟန့်ပြီး ပြောလိုက်သည်။ထိုစဉ် အမှောင်ထဲမှ အရိပ်နှစ်ခု ထွက်ပေါ်လာတော့သည်။

ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now