Part - 13(အခန္း-9မော့သွမ့်ရှောက်ရောက်ရှိလာခြင်းနှင့်ရေခဲအဆိပ်မိခြင်း)

223 25 1
                                    


Uni

ဝမ်ယီချင်းသူ့ရှစ်စွမ်းသူ့ဆီအပြေးအလွှားရောက်လာပြီးသူ့ကိုတွန်းလိုက်သောကြောင့်ကြောင်သွားမိသည်။

တွန်းလိုက်သည့်အရှိန်ကြောင့်လဲသွားပြီးပြန်ထလိုက်ပြီးကြည့်လိုက်သော်သူ့ရှစ်စွမ်းလက်တွင်မြှားတစ်ချောင်းရှိနေသည်။

လော့ချင်းချန်မြှားကိုအမိဖမ်းလိုက်နိုင်သောကြောင့်သက်ပြင်းချမိလိုက်သည်။သို့သော်မကြာလိုက်ပါသူကိုင်ထားသောမြှားမှာမြွေအဖြစ်ပြောင်းသွားပြီးသူ့ကိုပေါက်လိုက်ပြီးနောက်မြှားအဖြစ်ပြန်ပြောင်းသွားသည်။

"ဒီကဆရာသခင်တော့ကျွန်မတို့ရဲ့အထူးအဆိပ်လက်နက်မိသွားပြီပဲ"

ပေ့မိန်တစ်ယောက်ဝမ်ယီချင်းကိုသတ်မလို့လုပ်ရာထိုလူငယ်ကိုမထိပဲလော့ချင်းချန်ထိသွားသဖြင့်ပိုပျော်မိသွားသည်။

"ပေ့မိန်းကလေးကဘာအဆိပ်သုံးလိုက်လို့လဲကိစ္စမရှိရင်ဒီဆရာသခင်ကိုပြောပြလို့ရလား"

လော့ချင်းချန်တစ်ယောက်ဘာအဆိပ်မိသွားမှန်းမသိသဖြင့်မေးလိုက်မိသည်။

"ပြောပြလို့ရတာပေါ့အဲအဆိပ်ကရေခဲအဆိပ်လေဆရာသခင်ရဲ့အဲအဆိပ်မိတဲ့သူကဆံပင်တွေဖြူလာမယ်ချီစွမ်းအားသုံးလို့မရဖြစ်လာမယ်ပြီးရင်တော့ခန္ဓာကိ်ုယ်ကရေခဲလုံးလုံးဖြစ်သွားမှာဖြေဆေးကတော့မရှိလောက်ဘူးဘာလို့လဲဆိုတော့ကျွန်မတို့လည်းမသိလို့"

ပေ့မိန်တစ်ယောက်ရွှင်မြူးစွာဖြင့်ပြောပြလိုက်သည်။

ဝမ်ယီချင်းပေ့မိန်ပြောသောစကားများကိုကြားမိချင်းချင်းအလွန်ပင်စိုးထိတ်သွားမိသည်။

*ရှစ်စွမ်းကငါ့ကိုကယ်လိုက်လို့အဆိပ်မိသွားတာတကယ်အဲနေရာမှာငါဖြစ်ရမှာေသင့်တဲ့သူကငါဖြစ်ရမှာရှစ်စွမ်းမဟုတ်ဘူး*

ဝမ်ယီချင်းတစ်ယောက်စိတ်ထဲတွင်အလွန်ပင်ကမ်ဘာပျက်နေမိသည်။သူ့မျက်နှာမှာလည်းပို၍ပင်ဖြူရော်လာတော့သည်။သူပျော့ညံသောကြောင့်သူ့ရှစ်စွမ်းထိခိုက်ရတာဟုဆိုပြီးသူ့ကိုယ်သူအပြစ်တင်မိသည်။

ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now