Part -11(အခန်း - ၈ ထုံပေ့မိန်၏ကောက်ကျစ်သောအကြံများ)

222 20 0
                                    

Uni

(ဒုတိယပိုင်း)

လော့ချင်းချန ်တိုက်ပွဲနေရာတွင်းသ ့ိုဝင်လိုက်ပြီး သူနှင့်တိုက်ရမည့်သူကို အကဲခတ်နေမိသည်။

"အဲတာဆိုလည်း ဟောဒီက ဆရာသခင်ပဲအရင်စတာပေါ့"

ပေ့မိန်ထိုသို့ပြောပြီးတိုက်ပွဲစဖို့အချက်ပေးလိုက်တော့သည်။

တိတိုက်ပွဲစတာနှင့်တစ်ပြိုင်နက် ဗလကြီးသည် လော့ချင်းချန်ဆီသို့ ပြေးလာပြီး လက်ထဲတွင်ကိုင်ထားသော တင်းပုတ်ကြီးလွဲပြီး လော့ချင်းချန်ကိုရိုက်ရန ်ပြင်နေသည်။တင်းပုတ်ကြီးမှာဗလကြီး၏ ခန္ဓာကိုယ်ထက်အလွန်ပင်ကြီးမားလှပြီးအလေးချိန်တော်တော်စီးသည်။ဗလကြီးမှာထိုတင်းပုတ်ကိုအသာလေးပင်လွဲရမ်းနိုင်သည်။

လော့ချင်းချန်သူ့ကိုလွဲရိုက်လာသောတင်းပုတ်ရိုက်ချက်ကိုအသာလေးပင်ရှောင်လိုက်သည်။
ထို့နောက်ဂိုဏ်းသငေ်္ကတအကောင်လေးဖြစ်တဲ့ရေဝိဉာဏ်အလယ်အလတ်ဆင့်ကိုဆင့်ခေါ်လိုက်သည်။ထိုအကောင်လေးသည်ရောက်လာပြီးပြီးချင်းပင်ဗလကြီးကိုရေစွမ်းအားဖြငိ့ပစ်လိုက်ရာဗလကြီးတော်တော်လွင့်သွားသည်။

ရေဝိဉာဏ်လေးကသူ့အမြှီးဖြင့်ဗလကြီးပတ်ပြီးကောင်ကင်ပေါ်တက်သွားပြီးမြေပြင်ပေါ်ကိုရိုက်ချလိုက်သည်။ဗလကြီးကျသွားသည့်နေရာတွင်အကွက်ကြီးဖြစ်နေသည်။

လော့ချင်းချန်ကတော့လက်တစ်ဖက်နောက်ပစ်ပြီးအေးအေးလူလူပင်ရပ်နေသည်။သူ၏ပုံစံမှာတိုက်ပွဲတိုက်နေသည့်လူနှင့်လားလားမှမတူပေ ။

"ဟောဒီကဆရာသခင်က ဓားရေးမသုံးတော့လို့လား ပေ့မိန်မြင်နေတာ ဝိဉာဏ်ကောင်နဲ့ပ ဲတိုက်နေတော့လေ"

ပေ့မိန်တစ်ယောက်သူမလူရှံးနေသဖြင့်ခံပြင်းမိသည်။သို့သော်လော့ချင်းချန်မှာရွှေအမြုတေနောက်ဆုံးအဆင့်ဖြစ်နေသောကြောင့်ရှံးတာသဘာဝကျပါတယ်ဟုနှလုံးသွင်းပြီးစိတ်လျှော့လိုက်သည်။သို့သော်လော့ချင်းချန်မှာဝိဉာဏ်ကောင်နဲ့သာတိုက်နေသဖြင့်စိတ်တိုင်းမကျတော့ပေ လော့ချင်းချန်ကိုခြစ်ရာမှထင်ထင်ဒဏ်ရာရရင်ပြီးရောဟူသောအကြံဖြင့်လော့ချင်းလယချန်ကိုချိုသာသောအသံဖြင့်ပြောပြီးတိုက်ခိုင်းသည်။

ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now