Part -9(အခန်း -၇လော့ဝေးတောင်ဂိုဏ်းသို့မိစ္ဆာများကျူးကျော်တိုက်ခိုက်ခြင်း

283 25 0
                                    

Uni

ဒုတိယပိုင်း

လော့ချင်းချန်တစ်ယောက်ဂူထဲမှထွက်လာပြီးပြီးချင်းတွင်
"ရှစ်စွမ်း!!...ရှစ်စွမ်း!!"

လော့ချင်းချန်တောင်ကနေဆင်းလာလာချင်းမင်ချန်၊အန်းမိန်၊ရင်းရွှယ်နှင့်တစ်ခြားတပည့်များကအော်ခေါ်ကြသည်။

"တပည့်တို့အဆင်ပြေကြလားဒဏ်ရာကောရကြသေးလားဘယ်လိုဖြစ်ကြတာလဲ"

လော့ချင်းချန်ကသူ့တပည့်များကိုမေးလိုက်သည်။

"တပည့်တို့အဆင်ပြေပါတယ်ရှစ်စွမ်း"

တပည့်များကပြိုင်တူဖြေလိုက်သည်။

"ဒါနဲ့ယီချင်းကောမတွေ့ပါလားသူဘယ်ကျန်ခဲ့လဲ"

လော့ချင်းချန်ဇာတ်လိုက်ကိုမတွေ့သဖြင့်မေးလိုက်မိသည်။

"ယီလေးကမိစၦာတွေနဲ့တိုက်ခိုက်ဖို့နေခဲ့တယ်ရှစ်စွမ်း"

အန်းမိန်ကဖြေလိုက်သည်။

"ရှစ်စွမ်းအဲမိစၦာတွေကကျွန်တော်တို့လုထျန်းတောင်တွင်မဟုတ်ဘူးလော့ဝေးဂိုဏ်းတစ်ခုလုံးကိုတိုက်ခိုက်နေတယ်ရှစ်စွမ်းဂိုဏ်းချုပ်နဲ့တစ်ခြားတောင်သခင်တွေမရှိတဲ့အချိန်လာတိုက်ခိုက်တာ"

မင်ချန်ကပြောလိုက်သည်။လုထျန်းတောင်အပါအပါအဝင်စုစုပေါင်းတောင်5ခု၏သခင်များပါဝင်ဖွဲ့စည်းထားသည့်ဂိုဏ်း၏အမည်မှာလော့ဝေးဂိုဏ်းဖြစ်သည်ဓဂိုဏ်းချုပ်မှာလော့ချင်းချန်၏ဆရာတူအကိုကြီးချီသွမ့်လျှောက်ပင်ဖြစ်သည်။

"အဲတာဆိုဆရာယီချင်းဆီသွားကူလိုက်မယ်တပည့်တို့ကတစ်ခြားတောင်ကပတည့်တွေကိုခေါ်ပြီးစုဝေးခိုင်းထား"

လော့ချင်းချန်ကတပည့်များကိုပြောလိုက်သည်။

"ဟုတ်ကဲ့ရှစ်စွမ်း!!"

တပည့်များကပြိုင်တူဖြေကြားပြီးတောင်5တောင်ဆီသို့လူခွဲပြီးလူစုရန်သွားလိုက်ကြသည်။လော့ချင်းချန်သည်လည်းဝမ်ယီချင်းဆီသို့သွားလိုက်သည်။
ဝမ်ယီချင်းတစ်ယောက်မိစၦာများနှင့်တစ်ယောက်ထဲတိုက်ခိုက်နေသည်ကိုယ်ပိုင်ဓားမရသေးသဖြင့်ဂိုဏ်းမှပေးသောဓားဖြင့်တိုက်ခိုက်နေသည်။


ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now