Part -21(အခန်း-14သရဲမိစၦာဖြေရှင်းခန်း)

206 18 0
                                    

Uni

ပထမပိုင်း

မင်ချန်တို့မရှိတာလည်းကောင်းတာပော အရင်နှစ်တွေက သူ့ဖို့ဟင်းချက်တိုင်း မင်ချန်တို့ပါပေးသည်။ ယခုတော့သူတစ်ယောက်ပဲရှိသည့်အတွက် ဘယ်သူ့ကိုမှပေးစရာ မလိုတော့ပေ ဖြစ်နိုင်ရင် သူ့ရှစ်စွမ်းနဲ့သတ်ဆိုင်တာ မွန္သမွကိုမခြဲပေးချင်ပေ ထို့နောက်သူ့အဆောင်သို့ ပြန်သွားတော့သည်။

တစ်ပါတ်ကြာပြီးနောက်

ရထားလုံးတစ်စင်းဟာ တောင်ပေါ်မှတရွေ့ရွေ့ဆင်းလာသည်။ ထိုရထား လုံးထဲတွင် လူနှစ်ယောက်ထိုင်နေသည်။

ထိုနှစ်ယောက်မှာ လော့ချင်းချန်နှင့် ဝမ်ယီချင်း ဖြစ်သည်။ နဂိုက ဝမ်ယီချင်းမှာ ခြေကျင်လျှောက်သာဖြစ်သည်။ မင်ချန်တိုက်က သူ့အတွက်မြင်းကို အကျင့်ပုတ်ပြီး ထားခဲ့သဖြင့် သူမြင်းမရှိခြင်းဖြစ်သည်။ လော့ချင်းချန်ကို အန်းမိန်နှင့် ရင်းရွယ်ကလာရောက်တိုင်ကြားသဖြင့် လော့ချင်းချန် သည်ဝမ်ယီချင်းကို သူနဲ့အတူတူဝင်ထိုင်ရန်ပြောလိုက်သည်။

လှည်းသည် မြို့တစ်မြို့ထဲဝင်ပြီး အိမ်ကြီးတစ်အိမ်ရှေ့ရပ်လိုက်သည်။

"ဆရာသခင်တို့ ရောက်လာပြီလား ဆရာသခင်ကို မျှော်နေတာ"

အိမ်ပိုင်ဟုကြည့်ရုံဖြင့် သိရလောက်အောင် အဝတ်အစား တောက်တောက်ပြောင်ပြောင် ဝတ်ထားသော လူဝကြီးက လာရောက်နှုတ်ခွန်းဆတ်သည်။ လော့ချင်းချန်တို့ ထိုင်ခိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး ထိုလူ ဝကြီးပြောတာကို နားထောင်လိုက်သည်။

"ဒီလိုပါ ဆရာသခင်ရယ် ကျွန်တော့ အချစ်တော်လေးတွေ နဲ့မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက် သေနေကြတာ ကျွန်တော့မှာ အခု လင်းလေးနဲ့ ကျန်းလေးပဲကျန်တော့တာ

ထိုလူဝကြီးက မိန်းမလှလေး တစ်ယောက်လှ ကောင်လေး တစ်ယောက်ကိုပွေ့ဖတ်ထား ရင်းပြောလိုက်သည်။ထိုနှစ်ယောက်မှာ ထိုလူဝကြီး ရဲ့ကိုယ်လုပ်တော်ကောင်လေး နှင့်မိန်းမ ဖြစ်သည်။ ထိုလူ ဝကြီးသည်ယောကျာ်း ကော မိန်းမကောပါမချန် စားခြင်းဖြစ်သည်။

လော့ချင်းချန်ကိုလည်း တနှာမျက်လုံးများဖြင့် မသိမသာ တစ်ချက်ချက်ကြည့်နေတတ်သည်။လော့ချင်းချန်မှာ မသေမျိုးကျင့်ကြံသူဖြစ်ပြီး သူက သာမန်လူသာဖြစ်သဖြင့် မနိုင်နိုင်သဖြင့် ထိုသို့ကြည့်နေခြင်း ဖြစ်သည်။

ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)Where stories live. Discover now