Uni
ဒုတိယပိုင်း
လော့ချင်းချန် သရဲမိစၦာကို ဖမ်းရန် အတွေးပွားနေမိသည်။ ခဏအကြာတွင် သူ၏နားနေဆောင်ကို အပြေးအလွှားရောက်လာ သော ဇာတ်လိုက်လိုက်ကိုတွေ့လိုက်သည်။
"ရှစ်စွမ်း.....ရှစ်စွမ်း ဆရာတူအမ နှစ်ယောက်ပျောက်သွားတယ်"
"ကျွန်တော်နဲ့ ဈေးအတူပတ်နေတုန်း ကျွန်တော် ဘေးကြည့်လိုက်တော့ ဆရာတူအမနှစ်ယောက်မရှိတော့ဘူး"
ဝမ်ယီချင်းတစ်ယောက် သူဈေးပတ်နေသည့်အချိန် ဘေးပတ်ဝန်းကျင်ကို ကကည့်ပြီး သု့ဆရာတူအမတွေဘက်ကြည့်လိုက်သော် မရှိတော့သဖြင့် ထူပူသွားပြီးသု့ရှစ်စွမ်းဆီသို့ အမြန်ပြေးသွားပြီး တင်ပြလိုက်သည်။
"ဟေ့ကောင် ဘာပြောတယ် ဆရာတူညီလေးတွေ ပျောက်သွားတယ် မင်းဂရုစိုက်ဘူးလား မင်းနဲ့တူတူသွားတာကိုလေ"
ဝမ်ယီချင်းပြော သောစကားများကို ယခုလေးတွင် အပြင်မှပြန်လာသော မင်ချန်မှ ကြားလိုက်သဖြင့် ဝမ်ယီချင်းကိုအကျီၤမှဆွဲပြီး ခက္ထန္စြာ မေးလိုက်သည်။
"အဟမ်း!!!!"
လော့ချင်းချန် သူ့ရှေတွင်ဇာတ်လိုက်ကို ပြသနာရှာပြီး သေတွင်းတူးနေသည့် မင်ချန်ကို ဟန့်တားရန်ချောင်းဟန့်လိုက်သည်။ထိုအခါမှနှစ်ယောက်လုံး ရပ်သွားပြီးသူ့ကို ဂါဝရပြုလိုက်သည်။
"မင်ချန် မင်းတစ်ခြားတပည့်တွေကို ခေါ်ပြီး မြို့အနှံပတ်ရှာချေ"
လော့ချင်းချန် မင်ချန်ကို လူရှာရန်တာဝန်ပေးလိုက်သည်။
"ဟုတ်ကဲ့ရှစ်စွမ်း"
မင်ချန်တစ်ယောက် လော့ချင်းချန်ကိြ ဂါဝရပြူပြီးသူ၏ဆရာတူညီလေး ညီလေး၂ယောက်အပြင်သူ့နောက်လိုက်များဖြင့် ထွက်သွားတော့သည်။
"ယီချင်း မင်းကတော့ဆရာနဲ့အတူလိုက်ခဲ့"
လော့ချင်းချန် တစ်ယောက်ထဲရပ်နေသောဇာတ်လိုက်ကို သူနှင့်အတူတူ လူရှာရန်လိုက်ခဲ့ရန်ပြောလိုက်သည်။
"ဟုတ်ကဲ့ရှစ်စွမ်း"
ဝမ်ယီချင်းတစ်ယောက် သူ့ရှစ်စွမ်းမှ သူ့ကိုအတူတူခေါ်သဖြင့် ဝမ်းသာစွာဖြင့် ပြန်လည် ဖြေကြား လိုက်သည်။

YOU ARE READING
ဗီလိန်ရှစ်စွမ်းဖြစ်ကူးပြောင်းသွားခြင်း(Wp Accပြောင်းသည်)
Historical FictionWp acc သစ်nameပါ-WangXiaoMei6 ခုအကောင့်ကသုံးမရတော့လို့ပါ Title-Transmigration is Villain Shizun Writter -Wang Xiao Mei Type - SVSSS type but it is not same Start Date-14.12.2021 End Date - ရှောင်ရိတစ်ယောက်တပည့်လေးကိူပျိူးထောင်ပေးရင်းတစ်ခုတစ်ခုလွဲမှာ...