၅၄ ။ ဗမ်ပိုင်းယားဘုရင်၏ ယဇ်အပူဇော်ခံ ချစ်သူ

Depuis le début
                                    

"ဥက္က‌ဌ၊ ကျွန်တော်ရော ဂုဏ်ပြုဘောနပ်စ်ရမှာလား" ယွိယွမ်က အတည်ပြုစာရွက်စာတမ်းကို လက်ခံယူပြီး စားပွဲဘေး ဆောင့်ကြောင့်ထိုင်ချကာ ပါပီမျက်ဝန်းများနှင့် ကျောင်းချီကို မော့ကြည့်နေတော့သည်။

"ဘာလို့ မင်းက ဘောနပ်စ်ရသင့်တာလဲ" ကျောင်းချီ မျက်ခုံးတစ်ဖက်ပင့်မေးလိုက်သည်။

"ကျွန်တော် ဒီလထဲတင် ရှီးဖေးဆီ အကြိမ်၂၀လောက်ပြေးလာရတယ်လေ၊ ကျွန်တော့် တာဝန်ကလည်း တစ်ဆခွဲလောက် တိုးသွားတယ်၊ ဝိတ်တောင် ၃ကီလိုလောက် ကျသွားပြီ" ယွိယွမ် စားပွဲပေါ် မေးစေ့တင်ရင်း သနားစရာကောင်းအောင် ကြိုးစားနေတော့သည်။ သူ့မေးစေ့သုံးထပ်က အမှန်တကယ်ပင် မေးစေ့နှစ်ထပ်အဖြစ်သို့ လျော့ကျသွားချေပြီ။

"ကောင်းပြီလေ၊ မင်းလည်း အလုပ်ကြိုးစားခဲ့တာပဲ" ကျောင်းချီ ခေါင်းညိတ်ရာ ပြောလိုက်သည်။
"ဒီလမင်းကို ဘောနပ်စ်ယွမ်၅၀၀၀ပေးမယ်"

"ကျေးဇူးတင်ပါတယ် ဥက္ကဌ" ယွိယွမ်မှာ မြူးတူးသွားတော့သည်။ သူ ထရပ်ကာ ရင်ဘတ်ရှေ့ စာရွက်စာတမ်းများပိုက်လျက် ထွက်လာခဲ့သည်။ သူနှစ်လှမ်းရောက်ရုံရှိသေး တစ်စုံတစ်ရာလွဲနေမှန်း သတိထားမိသွားခဲ့တော့၏။ ယွမ်၅၀၀၀သည် ကျန်းချန်ဖေးတစ်ယောက် “ဓာတ်ပုံဝန်ဆောင်မှု” အတွက် လစဉ်ပေးနေကျပမာဏပင်။ လွန်ခဲ့သည့်နှစ်ရက်က ဥက္ကဌမှာ သူ့ကို ထိုပိုက်ဆံသိမ်းယူသွားပြီး အပြစ်ပေးခဲ့သည်။ အဆုံးတွင်တော့ သူ ငွေပိုငွေလျှံ လုံးဝမရခဲ့ချေ။

"ဒါဆို ငါ ယွမ်၄၀၀၀ကို ပြောင်းပေးရမလား"  ကျောင်းချီ အေးစက်စွာ ပြောလိုက်သည်။

"ဟင့်အင်း ဟင့်အင်း၊ ငါးထောင်က ကောင်းပါတယ်" ယွိယွမ် လက်များကို အသည်းအသန်ခါပြီး ဥက္ကဌကျန်းကို အကူအညီများပေးမလား အားကိုးတကြီး လှမ်းကြည့်လိုက်မိသည်။

ဖြစ်ချင်တော့ အလုပ်များနေသည့် ဗမ်ပိုင်ယားအရှင်သည် ယွိယွမ်၏ အချက်ပြမှုကို မရရှိခဲ့ပေ။ သူက ဝက်သုံးထပ်သားမဟုတ်ဘဲ ချိုမြလတ်ဆတ်သည့်သွေးကိုသာစိတ်ဝင်စား၏။

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Dec 01, 2022 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

My Lover With Split Personalities [မြန်မာဘာသာပြန်]Où les histoires vivent. Découvrez maintenant