၅၁ ။ ရှူးဂါးဒယ်ဒီ ညင်ညင်သာသာ ချစ်ပေးပါ

Začít od začátku
                                    

"ဒီပွင့်လင်းပြီး စစ်မှန်တဲ့အဆိုနဲ့အတူ ကျွန်တော့်မိတ်ဆွေတွေလည်း အမှန်ကို ယုံကြည်ဖို့ရွေးချယ်ကြမယ်လို့ မျှော်လင့်ပါတယ်၊ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုအတွက်ကတော့ ဒ့ပါပဲ၊ ကျေးဇူးတင်ပါတယ်ဗျ"

ဆယ့်ငါးမိနစ်သာကြာသော တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုအတိုလေးပင်။ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် လုံးဝမတူဘဲ နေ့လယ်ခင်း သတင်းနှင့်ပိုတူ၏။ သို့သော်ငြား ပွဲကြည့်ပရိသတ်က မကျေနပ်သေး၍ ပြောင်ပြောင်တင်းတင်း သူတို့၏ ကောမန့်များမန့်ကာ ကျောင်းကျို့ရန်အား အချိန်နည်းနည်းပိုကြာကြာ မြင်ခွင့်ရရန် အပြင်းအထန် တောင်းဆိုနေကြသည်။

ကျန်းချန်ဖေး တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယို၏ တံခါးကိုတွန်းဖွင့်ကာ ကင်မရာရိုက်ကွင်းထဲ ဝင်လာခဲ့ပြီး လေးနက်လှသော မျက်နှာဖြင့် ပြောလိုက်သည်။
"အဖေ၊ ပြီးသွားပြီဗျ"

ကျောင်းကျို့ရန် သူ့ကိုမော့ကြည့်ကာ မဆိုစလောက်ခေါင်းညိတ်လိုက်သည်။ သူ့သားမက်က မုန်တိုင်းအလယ်တွင် ကင်မရာရှေ့၌ သူနှင့်အတူရပ်တည်ကာ ဝန်ထုတ်ဝန်ပိုးကိုမျှဝေရန် ဆန္ဒရှိသည်ကို တွေးမိတော့ ရင်ထဲအင်မတန်ထိသွားခဲ့သည်။

ချောမောသော အရပ်ရှည်ရှည် အမျိုးသားတစ်ယောက် ပေါ်ပေါ်လာချင်း တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယိုသည် နောက်တစ်ဖန် အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပြန်သည်။

"ပါးပါးချန်ဖေးပဲ အားးးးး!"

"ဝိုး သူ့ယောက္ခထီးကို လာကြိုတာလား၊ တကယ့်ကို ချီးကျူးစရာသားမက်ပဲ"

စတူဒီယိုထဲမှ ထွက်လာကြာပြီး ကျောင်းကျို့ရန် ကျန်းတာ့တျောင်းပခုံးကိုပုတ်လိုက်သည်။
"မင်းစောနက အဲနေရာမှာ ရှိမနေသင့်ဘူး၊ င့သာမရှင်းနိုင်ရင် မင်းရဲ့ဂုဏ်သတင်းလည်း ထိခိုက်သွားမှာ"

"ကျွန်တော်တို့တွေ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကို မျှဝေရတာပဲလေ၊ ကျွန်တော်တို့က ယောက္ခထီးနဲ့ သားမက်ဖြစ်ပြီးတော့ ညီအစ်ကိုကောင်းတွေလည်း ဖြစ်တာပဲကို"
ကျန်းချန်ဖေးက သူ့ပခုံးနှင့် ယောက္ခထီးကို အသာအယာတွန်းလိုက်ပြီး ခေါင်းငုံ့ရင်း တီးတိုးပြောလိုက်သည်။

My Lover With Split Personalities [မြန်မာဘာသာပြန်]Kde žijí příběhy. Začni objevovat